menu-iconlogo
huatong
huatong
avatar

အရံလူ

ရင်ဂိုhuatong
မိုးဦးhuatong
Testi
Registrazioni
Intro

3

2

1

ရင်ထဲက ကိုယ့်ရဲ့ဝေဒနာ

ဘယ်လိုပဲဖြစ်ပါစေ

မျိုသိပ်ပြီး သိမ်းထားလိုက်ပါမယ်

နေပါစေတော့ မင်းလေးကို

ကိုယ်ဘယ်လောက်ချစ်တာ မင်းနားလည်ရင်

ကိုယ်စိတ်မှာ ကျေနပ်ပြီ

လိုချင်လျက်နဲ့ စွန့်လွှတ်တာ

တစ်ကယ်တမ်းခက်တယ် ဘယ်လိုမှ

ခံနိုင်စွမ်းလည်းပဲ ရှိရန်မလွယ်

ကြင်နာလျက်နဲ့ မင်းလေးကို

ကိုယ်လိုက်လျောခဲ့တယ် သွားတော့နော်

မင်းအတွက်တို့က အရံလူပဲကွာ..

ဒါ..မင်းလေးအတွက် စွန့်လွှတ်ရတဲ့ အချစ်

နာကျင်တဲ့ နှလုံးသားလေးနဲ့ ရင်းခဲ့

မင်းစဉ်းစားမိရဲ့လား ကိုယ့်ဝေဒနာများ

ဒါပေမယ့် ခွင့်လွှတ်ရတဲ့အချစ် ဒီလိုမျိုး

ချစ်ပြခွင့်ရတဲ့အချစ် မင်းနင်းဖြတ်ဖို့

ကိုယ့်ရဲ့ဘဝ ခင်းထားပါတယ်...

ပိုင်ဆိုင်ခြင်းနဲ့ စွန့်လွှတ်မှူ့က

ပိုမိုမြင့်မြတ်တယ်

အစဉ်လာအရ ရှေးစကားရှိပေမယ့်

လူမှန်သမျှအတ္တနဲ့ ဘယ်သူတွေမှ မကင်းနိုင်

စွန့်လွှတ်ဖို့ ကြိုးစားရတာ မလွယ်ပါဘူးကွာ

ဒါပေမဲ့ ချစ်ပြခဲ့တယ် ဒါကို မင်းနားလည်ရင်

ပျော်ရွှင်ချမ်းမြေ့ မင်းလေးဘဝလှစေဖို့

မျှော်လင့်ရင်း ငေးမောရင်း

စောင့်စားရင်းလေ

ချစ်မိတဲ့တို့က အရံလူပါ.....

အကုန်လုံး စွန့်လွှတ်ရတဲ့ ကိုယ့်အချစ်

နှလုံးသားလေးနဲ့ရင်းခဲ့

မင်းစဉ်းစားမိခဲ့ရဲ့လား

ကိုယ့်..စေတနာများ

ဖြူစင်ရိုးသား ခွင့်လွှတ်တဲ့

ကြင်နာခြင်းများ လှပခဲ့ မင်းအတွက်

စွန့်လွှတ်သမျှ ကိုယ့်ဘဝကိုနားလည်

အကုန်လုံး စွန့်လွှတ်ရတဲ့ ကိုယ့်အချစ်

နှလုံးသားလေးနဲ့ရင်းခဲ့

မင်းစဉ်းစားမိရဲ့လား

ကိုယ့်..စေတနာများ ဖြူစင်ရိုးသား

ခွင့်လွှတ်တဲ့ ကြင်နာခြင်းများ လှပခဲ့

မင်းအတွက် စွန့်လွှတ်သမျှ

ကိုယ့်ဘဝကိုနားလည်

ကျေးဇူးတင်ပါတယ်...

…………. The End ……………

< By Moe Oo >

Thz Q Original Uploder

Altro da ရင်ဂို

Guarda Tuttologo