menu-iconlogo
huatong
huatong
avatar

ကောင်မလေး

ရိန်မိုးhuatong
🤓koHeiñ🇲🇲huatong
Testi
Registrazioni
ကောင်မလေး ရိန်မိုး

ဟေးကောင်မလေး ရင်ထဲကစိတ်တွေ

မထင်မှတ်တဲ့ အခိုက်တန့်မှာသူရှိခဲ့ပေါ့

ရင်ခုန်ခြင်းများရယ် ကြွေကာဆင်းသက်ခဲ့

အဝေးမယ် ဖုန်းဆက်နေမယ်

နင်ဟာ ဘယ်သူလဲ

တို့ရင်ခွင်ကို ခိုဝင်ရင်းနီးခဲ့သူ

ဒီအသံလေးကြားတဲ့အခိုက်

ကြည်နူးလိုက်တာ

ပျော်ရွှင်ခြင်းစိတ်တွေနဲ့

တို့နှစ်ဦးသားလေလှိုင်းကြား

ဆုံဆည်းရင်းတွယ်တာနေပြီလေ

အတူတူမမြင်တွေ့လည်း

အချစ်ကံရယ်စေပါစေ တစ်နေ့တစ်ချိန်ချိန်မှာ

တို့နှစ်ဦးတွေ့ဆုံမယ်

လေလှိုင်းကြား အသံလေးကြား

မှတ်မိနိုင်စေ ကောင်မလေးရေ

အတွေးနဲ့ပျော်သူရင်ကို ရူးသွပ်စေသလား

မင်းလေးရဲ့အသံများ

တို့နှစ်ဦးပဲ သိနိုင်စေ

ပျော်ရွှင်နိုင်စရာ ဒီအသံလေး

ဒီစိတ်ကူး အိပ်ပျက်ရက်ရှည်

တို့နှစ်ဦးရဲ့ အဝေးရာ

Music...

တို့မထင်မှတ်ဘူး ကြေကွဲခြင်းမျက်ရည်

တို့နှလုံးသားကွဲရှခဲ့ အပိုင်းအစပေါ့

ဒီချစ်ခြင်းများရယ် ကောင်မလေးလေလှိုင်းကြား

ငါမေ့ဖျောက်နေမယ်လေ ဒီရင်မှာ

မဆုံနိုင်စေခဲ့ဘူး ဆုံစေပြန်သော်လည်း

မင်းအနားမှာ ဆိုင်သူက ရှိနေမလား

လေလှိုင်းကြား အသံလေးကြား

မှတ်မိနိုင်စေ ကောင်မလေးရေ

အတွေးနဲ့ပျော်သူရင်ကို ရူးသွပ်စေလား

မင်းလေးရဲ့အသံများ

တို့နှစ်ဦးပဲ သိနိုင်စေတာပါ

ပျော်ရွှင်နိုင်စရာ ဒီအသံလေး

ဒီစိတ်ကူး အိပ်ပျက်ရက်ရှည်

တို့နှစ်ဦးရဲ့ အဝေးကွာ

လေလှိုင်းကြား အသံလေးကြား

မှတ်မိနိုင်စေ ကောင်မလေးရေ

အတွေးနဲ့ပျော်သူရင်ကို ရူးသွပ်စေသလား

မင်းလေးရဲ့အသံများ

တို့နှစ်ဦးပဲ သိနိုင်စေတာပါ

ပျော်ရွှင်နိုင်စရာ ဒီအသံလေး

ဒီစိတ်ကူး အိပ်ပျက်ရက်ရှည်

တို့နှစ်ဦးရဲ့ အဝေးကွာ

Thanks

Altro da ရိန်မိုး

Guarda Tuttologo