menu-iconlogo
huatong
huatong
avatar

နမော်နမဲ့

ရေဗက္ကာဝင်းhuatong
pbankshuatong
Testi
Registrazioni
သီချင်း- နမော်နမဲ့

ပြီးခဲ့သော စနေနေ့

ကိုယ်ဟာလေ အားလပ်ခွင့်မရှိဘဲ

အလုပ်တွေရှုပ်နေခဲ့

ဟိုဟို ဒီဒီ ပြေးလွှားလမ်းပေါ်မယ်

အမှတ်မထင်ပဲ ကိုယ်တွေ့

ဆုံလာတယ် ကိုယ့်မျက်စိချော်လဲ

ကိုယ့်ကိုပြုံးလို့ငေး

အို ကြည့်တဲ့ သူလေးတစ်ယောက်ကိုကွယ်

အရမ်းပဲ ချစ်မိသွားတယ်

Love is accidental

အလုပ်သိပ်ရှုပ်လို့ နေတဲ့ကြားကွာ

အရမ်းပဲ စိတ်ညစ်မိတယ်

အရမ်းလည်း သိပ်ချစ်မိတယ်

နှလုံးသားလေးက နမော်နမဲ့

ဘယ်လို အချိန်ကများ

အို ရင်ထဲ မင်းချစ်ခဲ့တာလဲ

တော်တော်ကြာပြီပေါ့

မြင်မြင်ချင်း ချစ်မိသွားတာပဲ

ရယ်စရာ တကယ်ကိုကောင်း

အိပ်မက်လေး အတိုင်းပဲ ဖြစ်လာခဲ့

တို့ ၂ယောက်အဖြစ်က မတော်တဆ

ချစ်မိသွားပြီပဲ

အခုတစ်ခါ သောကြာနေ့

ဆုံနေကြ လမ်းမကြီးရဲ့ထက်

အလုပ်တွေ မအားလပ်လည်း

လာပါကွာ မင်းရဲ့လက်ကိုတွဲ

စကားတွေ ပြောချင်လို့

ကော်ဖီဆိုင်ကလေးထဲ တို့ထိုင်မယ်

မင်းရဲ့အပြုံးကိုငေး

အို သတိရ ဘယ်သူလဲ မင်းနာမည်

တရေးရေး ခေါင်းထဲမူးတယ်

လက်တွေ့ဘဝနဲ့ အိပ်မက်ကြားမှာ

မင်းနဲ့ ချစ်ခဲ့ဖူးတာ

အိပ်မက်လေးပဲ သိလား

ပြေးထွက်ခေါင်းထဲ ချာချာလည်ခဲ့

ဘယ်လိုအချိန်ကများ

ကိုယ်အဖြေလေး တောင်းခဲ့ဖူးလို့လဲ

ဒီလိုနမော်နမဲ့ ဘယ်သူက စိတ်ချထားနိုင်မယ်

အပြင်မှာ အိပ်မက်လေးလိုပါပဲ

ကိုယ်သိပ်ချစ်နေခဲ့

မင်းစကားကြားတော့ နမော်နမဲ့

အရမ်းပဲ ချစ်မိသွားခဲ့

အလုပ်သိပ်ရှုပ်လို့နေတဲ့ကြားကွာ

အရမ်းပဲ စိတ်ညစ်မိတယ်

အရမ်းလည်း သိပ်ချစ်မိတယ်

နှလုံးသားလေးက နမော်နမဲ့

ဘယ်လို အချိန်ကများ

အို ရင်ထဲ မင်းချစ်ခဲ့တာလဲ

တော်တော်ကြာပြီပေါ့

မြင်မြင်ချင်း ချစ်မိသွားတာပဲ

ရယ်စရာ တကယ်ကိုကောင်း

အိပ်မက်လေး အတိုင်းပဲ ဖြစ်လာခဲ့

တို့ ၂ယောက်အဖြစ်က မတော်တဆ

ချစ်မိသွားပြီပဲ

Altro da ရေဗက္ကာဝင်း

Guarda Tuttologo