menu-iconlogo
huatong
huatong
avatar

အချစ်ကိုဘယ်လိုပြောရမယ်

လႊမ္းမိုးhuatong
holledog1huatong
Testi
Registrazioni
အချစ်ကိုဘယ်လိုပြောရမယ်

တေးရေး သောင်းတင်ဌေး

တေးဆို လွှမ်းမိုး

မြစ်ယမုံ ခြား ..

သေလာရိုးမ ဆီးရံခစေ

မုန်တိုင်း ရယ် ထန် ..

အဆန် ခရီး ..

တက်မစုံ ရွက်မပါ

မင်းရှိရာ အလာဝယ် ..

နေပူကျဲတာ ကြုံတယ်

မိုးကသည်းလာ တစ်ဖုံကွယ်

နှင်းဖွဲ တွေ ကျ

သည်ကာလကို မေ့ပြီလားကွယ်

မောင်ရှာ ပေးလာ ဖူးတဲ့

ပန်း သဇင်တွေ

နှင်းတွေ အပြေးကြားဝယ်

အတွေး မှားကာ

ဖြစ်နေ သူရယ် ..

မေ့လွယ် မုန်းလွယ်

ခက်လိုက်တာ မေ့အပြုံးရယ်က

မောင်ဘယ်လို မုန်းနိူင်ပါ့မယ် ကွယ် ..။

မြစ်ယမုံ ခြား ..

သေလာရိုးမ ဆီးရံခစေ

မုန်တိုင်း ရယ် ထန် ..

အဆန် ခရီး ..

တက်မစုံ ရွက်မပါ

မင်းရှိရာ အလာဝယ် ..

နေပူကျဲတာ ကြုံတယ်

မိုးကသည်းလာ တစ်ဖုံကွယ်

နှင်းဖွဲ တွေ ကျ

သည်ကာလကို မေ့ပြီလားကွယ်

မောင်ရှာ ပေးလာ ဖူးတဲ့

ပန်း သဇင်တွေ

နှင်းတွေ အပြေးကြားဝယ်

အတွေး မှားကာ

ဖြစ်နေ သူရယ် ..

မေ့လွယ် မုန်းလွယ်

ခက်လိုက်တာ မေ့အပြုံးရယ်က

မောင်ဘယ်လို မုန်းနိူင်ပါ့မယ် ကွယ်။

ခုတော့ ခုတော့ မြကြိုးခက်

လှမျိုးယှက်ကာ စိမ်းနေသူရယ်

မြရွက် မြကြိုး သဖွယ်

မင်း ဘာကြောင့် စိမ်း

ယိမ်းညွှတ် စေချင်သော်လည်း

စိမ်းကားသူက မြပုဝါကိုခြုံ

မိုးအဆုံး မြေအဆုံး ..

ရှောင်ခွါ ပုန်းတော့ ကွယ်

ကြာလေ ဝေးမယ် အချစ်ရယ်

ဖွေရှာသူ မောပြီမို့

ကိုယ့်ချစ်သူ ဘယ်မှာရှိတယ်

တိုင်တည်ပါရစေ နော်ကွယ်

ဖိုး ရွှေလမင်းရယ် ၊ ဆန်ဖွတ်ရင်း

သတင်း ပေးပါ လား ကွယ် ...။

မိုးမြေ ရစ်လှိုင်း

ပန်းတိုင်း သက်သေထား ပါ့မယ်

ကြယ်လ စုံသော

ညဉ့်လွှာ ရုံဝယ် ..

ချစ်သူလာမယ့် လမ်းက

ပန်းတွေကျဲ ၊ အမြဲမျှော်နေမယ်

တစ်လောက လုံး ..

မုန်းချင် မုန်းပါစေ ကွယ်

ချစ်တဲ့သူ ပြုံးနေသမျှ

ကိုယ့်ဘ၀ ကျေနပ်နေပါ့ မယ်

ဒါတွေ သည်းညှာ မယုံရင်

ကြယ်စုံ ရံခ ၊ ဖိုးရွှေလကို

မေးပါ အချစ်ဦး ရယ် ...။

ကြယ်တွေ လတွေ

ခွန်းဆက်ရတာ နှမြောမိတယ် ...

ရေစက်ရယ် ကြုံ

ဘဝရယ် ဖီလာသွား

အများနဲ့ ကိုယ့်မှာ မတူတယ်

လွမ်းမျိုးမေတ္တာ ကုဋေကုဋာကြွယ်

ကြယ်ရောင် မဖြာ

သော်တာ မလှပြန်တော့

တိမ်မည်းညို ကိုလူဆိုးတို့

စိုးမိုးတဲ့ ညအမှောင်မှာကွယ်

ဒီလို ညအခင်းမျိုးမယ်

လမင်းကြီး ခရီးလွန်နေပြီ ကွယ် ...

အချစ်ကို ဘယ်လို ပြောရမယ်

အချစ်ကို ဘယ်လို ပြော ရမယ် ...။

ကြယ်တွေ လတွေ

ခွန်းဆက်ရတာ နှမြောမိတယ် ...

ရေစက်ရယ် ကြုံ

ဘဝရယ် ဖီလာသွား

အများနဲ့ ကိုယ့်မှာ မတူတယ်

လွမ်းမျိုးမေတ္တာ ကုဋေကုဋာကြွယ်

ကြယ်ရောင် မဖြာ

သော်တာ မလှပြန်တော့

တိမ်မည်းညို ကိုလူဆိုးတို့

စိုးမိုးတဲ့ ညအမှောင်မှာကွယ်

ဒီလို ညအခင်းမျိုးမယ်

လမင်းကြီး ခရီးလွန်နေပြီ ကွယ် ...

အချစ်ကို ဘယ်လို ပြောရမယ်

အချစ်ကို ဘယ်လို ပြော ရမယ် ...။

Thank you

Altro da လႊမ္းမိုး

Guarda Tuttologo