တေးရေး... သဟာအောင်
တေးဆို... သွန်း
နူးည့ံတဲ့ နှလုံးသားတစ်စုံနဲ့
ရင့်ကျက်ခဲ့သော ဒို့မေမေပါ
ထက်မြက်တဲ့သတ္တိတွေနဲ့
ရိုးသားပါသော ဒို့မေမေပါ
ထီးတစ်ချောင်းလို အုပ်မိုးထားတဲ့
အမေ့ရင်ခွင် နွေးနွေးအောက်မှာ..
လက်နက်တွေချ စစ်ပွဲရပ်ကာ
အငြိမ်းချမ်းဆုံးသော ပန်းတို့ဝေဆာ...
နူးည့ံတဲ့ နှလုံးသားတစ်စုံနဲ့
ရင့်ကျက်ခဲ့သော ဒို့မေမေပါ
ထက်မြက်တဲ့သတ္တိတွေနဲ့
ရိုးသားပါသော ဒို့မေမေပါ
ထီးတစ်ချောင်းလို အုပ်မိုးထားတဲ့
အမေ့ရင်ခွင် နွေးနွေးအောက်မှာ..
လက်နက်တွေချ စစ်ပွဲရပ်ကာ
အငြိမ်းချမ်းဆုံးသော ပန်းတို့ဝေဆာ...
အစဉ်အမြဲတင့်တယ် ယဉ်ကျေးပါသော
အမေ့ရဲ့ အပြုံးက စံနမူနာ
ဘဝ အမှောင်ကို အလင်းပြပေးခဲ့
အမေ့ရဲ့ ဉာဏ်ပညာ...
မှန်သော ဘက်မှာအမြဲပဲရပ်တည်
အားနည်းဘက်မှာအမေရှိသည်..
အများအတွက်သာ အမေဦးတည်..
မြန်မာလုံချည် အမြဲဘဲဝတ်တဲ့
အမေ့ရဲ့ အလှက ကဗျာမမီ
ခန်းနားပါသည် မြင့်မြတ်လွန်းပါသည်
နူးညံ့ကေသာခေါင်းအထက်မှာ
ပန်းကလေးများလည်း ပန်သူအမေ
ပုခက်လွှဲသောလက်တစ်စုံက
ကမ္ဘာတုန်အောင် ရဲရင့်ကာနေ......
မေတ္တာရိပ်က အေးချမ်းလုံခြုံဆဲ လေ..
အဖိုးမဖြတ်နိုင်ပေ အမေ့ရဲ့ဂုဏ်ရည်...
နူးည့ံတဲ့ နှလုံးသားတစ်စုံနဲ့
ရင့်ကျက်ခဲ့သော ဒို့မေမေပါ
ထက်မြက်တဲ့သတ္တိတွေနဲ့
ရိုးသားပါသော ဒို့မေမေပါ
ထီးတစ်ချောင်းလို အုပ်မိုးထားတဲ့
အမေ့ရင်ခွင် နွေးနွေးအောက်မှာ..
လက်နက်တွေချ စစ်ပွဲရပ်ကာ
အငြိမ်းချမ်းဆုံးသော ပန်းတို့ဝေဆာ...
အစဉ်အမြဲတင့်တယ် ယဉ်ကျေးပါသော
အမေ့ရဲ့ အပြုံးက စံနမူနာ
ဘဝ အမှောင်ကို အလင်းပြပေးခဲ့
အမေ့ရဲ့ ဉာဏ်ပညာ...
မှန်သော ဘက်မှာအမြဲပဲရပ်တည်
အားနည်းဘက်မှာအမေရှိသည်..
အများအတွက်သာ အမေဦးတည်..
မြန်မာလုံချည် အမြဲဘဲဝတ်တဲ့
အမေ့ရဲ့ အလှက ကဗျာ မမီ
ခန်းနားပါသည် မြင့်မြတ်လွန်းပါသည်
နူးညံ့ကေသာခေါင်းအထက်မှာ
ပန်းကလေးများလည်း ပန်သူအမေ
ပုခက်လွှဲသောလက်တစ်စုံက
ကမ္ဘာတုန်အောင် ရဲရင့်ကာနေ......
မေတ္တာရိပ်က အေးချမ်းလုံခြုံဆဲ လေ..
အဖိုးမဖြတ်နိုင်ပေ အမေ့ရဲ့ဂုဏ်ရည်...
... ...