menu-iconlogo
huatong
huatong
avatar

သဝန်​ကြောင်မလေး

ဟေမာနေဝင်းhuatong
ဦးမင်းခန့်😎huatong
Testi
Registrazioni
သဝန်ကြောင်မလေး

ရေး..မောင်သစ်မင်း

ဆို..ဟေမာနေဝင်း

....Intro...

.....Go..

တကယ်ပဲသိပ်ချစ်တော့

သဝန်ကြောင်လေးဖြစ်ခဲ့ရ

ဟိုမသွားနဲ့ ဒီမသွားနဲ့ ချုပ်ချယ်မယ်

ဘယ်သူနဲ့ စကားပြောလဲ

ဘယ်လောက်များ ရင်းနှီးလဲ

စုံစမ်းလိုက် စစ်ဆေးလိုက် လုပ်နေမယ်

သိပ်ချစ်ပါတယ်

ဒီတစ်ယောက်ဘဲ

ချစ်ပါရစေကွယ် ဝိုးးအို့ …

ကိုကိုစိတ်ဆိုးသွားသလား

ဒီကောင်မလေးအချစ်က

သဝန်ကြောင်တဲ့အချစ်မို့

အပြစ်ယူမှာလားကွယ်

ပိုင်ဆိုင်ချင်တဲ့စိတ်က

ရင်မှာချုပ်ထိန်းလို့မရ

သဝန်ကြောင်ခဲ့မိသမျှ

နားလည်ပါဦးကွယ်

အသည်းထဲစွဲအောင် ချစ်လို့

အသည်းကွဲရမှာ ကြောက်လို့

အမြဲတမ်းစိုးရိမ်စိတ်နဲ့

သဝန်ကြောင်မလေးဘဝ

အသစ်တွေ့မေ့မှာစိုးလို့

ကလေးလေးတစ်ယောက်လို အတွေးနဲ့

သိပ်ချစ်မိသူလေးက

သဝန်ကြောင်နေမိတယ်

.Solo..music

.......Go...

ကိုကိုများ မုန်းသွားမလား

ဒီလိုမျိုးတွေးမိလို့

အဖြစ်သည်းတဲ့ ဒီကလေးမ တောင်းပန်မယ်

ဘယ်လိုများ သဘောထားလဲ

ကြင်နာသော ခွင့်လွှတ်မှု

ကိုကို့ရဲ့မျက်ဝန်းထဲ လိုက်ရှာမယ်

သိပ်ချစ်ပါတယ်

ဒီတစ်ယောက်ထဲ

ချစ်ပါရစေကွယ် ဝိုးးအို့ …

ကိုကိုစိတ်ဆိုးသွားသလား

ဒီကောင်မလေးအချစ်က

သဝန်ကြောင်တဲ့အချစ်မို့

အပြစ်ယူမှာလားကွယ်

ပိုင်ဆိုင်ချင်တဲ့စိတ်က

ရင်မှာချုပ်ထိန်းလို့မရ

သဝန်ကြောင်ခဲ့မိသမျှ

နားလည်ပါဦးကွယ်

အသည်းထဲစွဲအောင် ချစ်လို့

အသည်းကွဲရမှာ ကြောက်လို့

အမြဲတမ်းစိုးရိမ်စိတ်နဲ့

သဝန်ကြောင်မလေးဘဝ

အသစ်တွေ့ မေ့မှာစိုးလို့

ကလေးလေးတစ်ယောက်လို အတွေးနဲ့

သိပ်ချစ်မိသူလေးက

သဝန်ကြောင်နေခဲ့.တယ်

MinKhent

Altro da ဟေမာနေဝင်း

Guarda Tuttologo