သူ့စကားနဲ့သူ
အနိုင်
သံယောဇဉ်သမားတစ်ဦးကို
နူးညံ့လွန်းတဲ့
ချစ်စကားလေးတွေ
ပြောကာလေ သူ့စကားနဲ့သူ
သိပ်ချစ်ခဲ့တယ်လေ ………
ဘယ်လောက်ချစ်သလဲမေးရင်
အချစ်ဆုံးလို့ အမြဲသာ
ကိုယ့်ကိုဖြေ …
....
သံယောဇဉ်သမားတစ်ဦးကို
နူးညံ့လွန်းတဲ့
ချစ်စကားလေးတွေ
ပြောကာလေသူ့စကားနဲ့သူ
သိပ်ချစ်ခဲ့တယ်လေ ………
ဘယ်လောက်ချစ်သလဲမေးရင်
အချစ်ဆုံးလို့ အမြဲသာ
ကိုယ့်ကိုဖြေ ……
.. ..
ချစ်မှာလား မေးရင်လေ ……
ခေါင်းငြိမ့်ကာသာအမြဲတမ်းဖြေ
မုန်းမှာလားမေးရင်လေ
ခေါင်းခါကာ
အတွင်တွင်ငြင်းခဲ့ပေ …
ဝေးမှာလား မေးရင်လေ ……
ကိုယ့်ရဲ့ ရင်ခွင်ထဲတိုးနေ
လွမ်းမှာလားမေးရင်လေ
ပါးပြင်ပေါ်
ရေကြည်စမ်းကလေး ဝေ …
အခုတော့သူ့စကားလေးတွေ
မေ့နိုင်ပါပေ
အချစ်ဆုံးမို့
အချစ်တွေလည်းဆုံးကာ
ခွဲခွါကာအဝေး
အဝေးပြေးဖို့သူကကြံနေ
သူပြောတဲ့စကားတွေ
ဒီတစ်ခါမှန်သွားခဲ့ပေ
သူပြောသလိုပဲပေါ့လေ
အချစ်ဆုံးမို့
အချစ်တွေဆုံးပြီလေ
ချစ်မှာလား မေးရင်လေ …
ခေါင်းငြိမ့်ကာသာ
အမြဲတမ်းဖြေ
မုန်းမှာလားမေးရင်လေ
ခေါင်းခါကာ
အတွင်တွင်ငြင်းခဲ့ပေ
ဝေးမှာလား မေးရင်လေ ……
ကိုယ့်ရဲ့ ရင်ခွင်ထဲတိုးနေ
လွမ်းမှာလားမေးရင်လေ
ပါးပြင်ပေါ်
ရေကြည်စမ်းကလေး ဝေ …
...
အခုတော့သူ့စကားလေးတွေ
မေ့နိုင်ပါပေ
အချစ်ဆုံးမို့
အချစ်တွေလည်းဆုံးကာ
ခွဲခွါကာအဝေး
အဝေးပြေးဖို့သူကကြံနေ
သူပြောတဲ့စကားတွေ
ဒီတစ်ခါမှန်သွားခဲ့ပေ
သူပြောသလိုပဲပေါ့လေ
အချစ်ဆုံးမို့
အချစ်တွေဆုံးပြီလေ ။
ပြီးပါပြီ။