ခြုံလွှာလက်ဆောင်
အနိုင်
🎼🎼🎼
🎼🎼
🎤
ပျံ့ပျံ့ငယ်သင်း ……
လေညှင်းး သုန်သုန်
ဝတ်မှုန်ညီ ခိုင်ညှာဝင်း …
ကြိုင်စွာသင်း
မြိုင်ယံအတွင်း
မွှေးရနံ့
မွှေးရနံ့ထုံရှာ
ရဂုံဝဠာဆီက
မို့မို့မှိုင်း
ရှုလေတိုင်း
ဖြေမဆည်နိုင်တာ …
...
ဆွေးသူမှာ
အလွမ်းအားပိုလို့
အသည်းဘဝင်မချိ စရာ
🎼🎼
🎤
ပျံ့ပျံ့ငယ်သင်း ……
လေညှင်းး သုန်သုန်
ဝတ်မှုန်ညီ ခိုင်ညှာဝင်း …
ကြိုင်စွာသင်း
မြိုင်ယံအတွင်း
မွှေးရနံ့
မွှေးရနံ့ထုံရှာ
ရဂုံဝဠာဆီက
မို့မို့မှိုင်း
ရှုလေတိုင်း
ဖြေမဆည်နိုင်တာ …
...
ဆွေးသူမှာ
အလွမ်းအားပိုလို့
အသည်းဘဝင်မချိ စရာ
🎼🎼
🎤
ဝသန်လွန်မြောက်လို့
ဆောင်းဦးလည်း
ရောက်ပြန်လေပြီတစ်ခါ
မိုးထက်တိမ်ပန်း…
ခက်ညွန့်ဝေဝေဖြာ
လေသာပြတင်းမှ
မျှော်ရင်းစောင့်နေမှာ
တစ်နယ်စီ ခြား …
ချစ်ကျွမ်းသူ များ ……
လွမ်းတာဆွေးတာ
ဖယ်ကာထားလို့
ဖြေသိမ့်ရပေမှာ
ချစ်သူရှိမယ့်နေရာ
မျှော်ရည်မှန်းလို့
မောင်ကြီးအရောက်လာ မှာ
🎼🎼
🎼
🎤
ညိုမရောင် ပြာလဲ့
ဇာချဲ့တဲ့ဗွေအာကာမှာ
တိမ်လွှာတိမ်ရိပ်က
မှေးစက်လို့မပျော်နိုင်တာ
သီခေါင်မြင့်ဖျား ……
မိုးအလားတောင်ထွတ်များစွာ
ဝန်းရံလို့ခြံရံကာ
မောင့်ချစ်သူမေတစ်ပါး …
ချမ်းရှာရော့မှာ
အေးရှာရော့မှာ
နွေးစေမယ့်
ကမ္ဗလာခြုံလွှာ …
ဝေးရပ်ဆီက
မောင်ကြီးစေတနာ
ပါးလိုက်ချင်ပါရဲ့
သည်ဆောင်းဟေမာန် အခါ
🎼🎼🎼
🎼🎼
🎤
ဝသန်လွန်မြောက်လို့
ဆောင်းဦးလည်း
ရောက်ပြန်လေပြီတစ်ခါ
မိုးထက်တိမ်ပန်း…
ခက်ညွန့်ဝေဝေဖြာ
လေသာပြတင်းမှ
မျှော်ရင်းစောင့်နေမှာ
တစ်နယ်စီ ခြား …
ချစ်ကျွမ်းသူ များ ……
လွမ်းတာဆွေးတာ
ဖယ်ကာထားလို့
ဖြေသိမ့်ရပေမှာ
ချစ်သူရှိမယ့်နေရာ
မျှော်ရည်မှန်းလို့
မောင်ကြီးအရောက်လာ မှာ
🎼🎼
🎼
🎤
ညိုမရောင် ပြာလဲ့
ဇာချဲ့တဲ့ဗွေအာကာမှာ
တိမ်လွှာတိမ်ရိပ်က
မှေးစက်လို့မပျော်နိုင်တာ
သီခေါင်မြင့်ဖျား ……
မိုးအလားတောင်ထွတ်များစွာ
ဝန်းရံလို့ခြံရံကာ
မောင့်ချစ်သူမေတစ်ပါး …
ချမ်းရှာရော့မှာ
အေးရှာရော့မှာ
နွေးစေမယ့်
ကမ္ဗလာခြုံလွှာ …
ဝေးရပ်ဆီက
မောင်ကြီးစေတနာ
ပါးလိုက်ချင်ပါရဲ့
သည်ဆောင်းဟေမာန် အခါ။
ပြီးပါပြီ။
💃🇲🇲💃MinKhent💃🇲🇲