menu-iconlogo
huatong
huatong
avatar

မနောအလှပန်းမောင့်ချစ်သူ

ကေကေတီhuatong
msalcido200huatong
Testi
Registrazioni
မနောအလှပန်းမောင့်ချစ်သူ ဆို ကေကေတီ

ဆောင်း ပွင့်သည့်ပန်း နှယ်

အလှချင်းပြိုင်နေတယ်

မနော အလှမြေနန်း ကိုယ်တစ်ခေါက်ရောက်ခဲ့တယ်

လျှိမြောင်အသွယ်သွယ် နှင်းခိုးမြူအလယ်

အေးချမ်းလို့ကွယ် စိတ်မှာလွမ်းဖွယ်..

တွေး လို့မမျှော်ဘဲ ကွယ် သူနဲ့ဆုံလာတယ်

မိတ်ဆက်ညပွဲ ကိုယ်လည်းရောက်ခဲ့တယ်

ဖော်ရွေစွာကွယ် အပြုံးနဲ့ကြိုတယ်

ရုတ်တရက်မို့ကွယ် အကြည့်မှာမရဲ တယ်..

အပျိုစင်ကွယ်နဂိုယဉ်သူရယ်..

ဒီကမ္ဘာ၀ယ်အလှဆုံးထင်တယ်..

ရင်မှာတကယ်လှုပ်ရှားမိတယ်..

မေ့အပေါ်ဝယ်ချစ်မိပြီကွယ်..

နှစ်ဦး သားမှာလည်း ကွယ်

အကြည့်ချင်းဆုံလာတယ်

ပါး မို့နီရဲ ရှက်သွေးစို့လို့ရယ်

စန္ဒာပမာနှယ် အဆင်းကကြည်တယ်

ဝင်းပလို့ရယ် အလှအယဉ်ဆင့် တယ်..

နှစ်ဦး သားမှာလည်း ကွယ်

အကြည့်ချင်းဆုံလာတယ်

ပါး မို့နီရဲ ရှက်သွေးစို့လို့ရယ်

စန္ဒာပမာနှယ် အဆင်းကကြည်တယ်

ဝင်းပလို့ရယ် အလှအယဉ်ဆင့်တယ်..

အစဉ်ရင်မှာ ခင်တွယ်သူရယ်..

မောင်ဘယ်လိုဖွင့်ပြောပါ့မယ်..

ကြင်နာသူချိုသဲအလှရယ်..

မောင့်အပေါ်ဝယ်အမုန်းမထားစေဖွယ်..

မွေး ရပ်မြေစခန်း တော့ ပြန်ရပေမယ်ကွယ်

မခွဲ ရက်ခဲ့သော်လည်း ဖြေသိမ့်ရလိမ့်မယ်

ခင်တွယ်သူရယ် မျက်ဝန်းမျက်၇ည်လည်

နှုတ်ဆက်လျက်ကွယ် တရွေ့ရွေ့ဝေးတယ်..

Altro da ကေကေတီ

Guarda Tuttologo