menu-iconlogo
huatong
huatong
Testi
Registrazioni

ငါတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်း

တစ်နှစ်နဲ့ငါးလအထိမ်းအမှတ်

ယနေ့မှစ နှစ်တရာတိုင်ပေါင်းဖက်ဖို့အိမ်မက်

ကိုယ်စီကိုယ်စီရှိကြပါတယ်

ကြိုးစားလို့စိတ်မပျက်

ခွင့်လွှတ်ပေးလိုက်ကြပါစို့

မှားခဲ့ကြဘူးတဲ့အတိတ်အတွက်

အားတင်းလို့ထားပါအုံးခလေးလေးလိုမငိုပါနဲ့

မင်းငိုတာမြင်တော့ငါလဲမနေနိုင်

မျက်ရည်များစို့လာခဲ့

ဟုတ်တယ် ငါကတစ်ခါတလေမှာအရမ်းကိုဆိုး

မင်းရဲ့ဂရုစိုက်အလိုလိုက်မှုကြောင့်

မင်းအချစ်ကို စမ်းသလိုမျိုးပဲ

အိမ်မက်တွေအကောင်အထည်ဖော်ဖို့

ဦးလေးကြီးကြိုးစားမယ်

ဘယ်သူ့မှနှောက်ယှက်မရအောင်

အချစ်တို့နဲ့မိုးထားမယ်

နှစ်ယောက်သားရန်ဖြစ်ကြအောင်

ကြားသွေးတို့ထိုးကြလဲ

အားလုံးက ဖွဲနဲ့ဆန်ကွဲ

လက်တွေတွဲဆက်တိုးသွားမယ်

ငါလဲပဲလူပါပဲ စိတ်တော့အမြဲပူပါတယ်

ပတ်ဝန်းကျင်တစ်ယောက်တစ်ပေါက်ကြောင့်

နားတွေလဲအူလာခဲ့

ဘယ်သူနဲ့မှမတူပါကွယ် ငါ့ချစ်သူကတမှုသာတယ်

တစ်မြေဆီကွာဝေးနေတဲ့ သြဇီမှာနေတဲ့သူပါကွယ်

မုန်းသွားမှာလားငါကြောက်တယ်

ငါ့အတွက်အလိုက်သိလို့နားလည်

ဒီကမ္ဘာမှာမရှိဘူး ဒီကမ္ဘာမှာမရှိဘူးကွယ်

အကောင်းဆုံးတွေနဲ့ငါမလဲနိုင်ပါ

ငါ့အတွက်အနှိုင်းမဲ့တဲ့ချစ်သူ

ငါယုံဆဲပဲ တစ်နေ့တော့နီးမှာပါ.......

နီးမှာပါ.. နီးမှာပါ ဟာာ..

part 2

တယ်လီဖုန်းပြောကြမယ်

ညဘက်ဆိုမအိပ်ပဲငါတို့

ပျော်စရာတွေပြောနေပေမယ့်လဲ

မျက်ရည်တွေဝဲလာဘာလို့

မမြင်နိုင်သေးတဲ့တို့နှစ်ယောက်ရဲကံကြမ္မာ

ဘာတွေဘယ်လိုဖစ်လာမှာလဲတွေးပူတာအမှန်ပါ

longdistance relationshipကအတော်ဆိုးပါလား

ရန်ကုန်မှာနေပူတယ်

ဟိုးသြဇီမှာကောမိုးရွာမလား

ငါစိတ်နဲ့မှန်းလို့မရ

ယုံကြည်မှုနဲလမ်းတို့က

ဆောက်တည်ထားရလို့ သစ္စာမဲ့လဲ

ခိုင်မှာဆဲ အနမ်းတစ်ချို့က

စမ်းချောင်းတို့စီးကာဆင်း

တိမ်တိုက်တို့ရွေ့ကာသွားလျား

စက္ကန့်တွေလည်နေတယ်

တစ်ရက်ပီးတစ်ရက်ရေးကာထားတဲ့

မင်းနဲ့ငါ့ရဲချစ်သက်တမ်းအမှတ်တရများစွာကို

အမှားတွေရှိလဲခွင့်လွှတ်ကြစမြဲ

တစ်ယောက်တစ်လှည့်မှားတာဆို

သြဇီကရန်ကုန်နဲ့ဆို

မိုင်တွေတခြားဆီအဝေးကြီးပဲ

လိုက်လာချင်ပေမယ့်လဲ

ဦးလေးကြီးအတွက်ကမတက်နိုင် ဈေးကြီးတယ်

အလုပ်တွေလုပ်ပီး ပိုက်ဆံရှာကာ

တင်တောင်းပါ့မယ်

နောင်ဆယ်သက် ဆယ်ကမ္ဘာတိုင်အောင်

အိုအောင်မင်းအောင်ပေါင်းပါမယ်

မုန်းသွားမှာလားငါကြောက်တယ်

ငါ့အတွက်အလိုက်သိလို့နားလည်

ဒီကမ္ဘာမှာမရှိဘူး ဒီကမ္ဘာမှာမရှိဘူးကွယ်

အကောင်းဆုံးတွေနဲ့ငါမလဲနိုင်ပါ

ငါ့အတွက်အနှိုင်းမဲ့တဲ့ချစ်သူ

ငါယုံဆဲပဲ တစ်နေ့တော့နီးမှာပါ.......

မုန်းသွားမှာလားငါကြောက်တယ်

ငါ့အတွက်အလိုက်သိလို့နားလည်

ဒီကမ္ဘာမှာမရှိဘူး ဒီကမ္ဘာမှာမရှိဘူးကွယ်

အကောင်းဆုံးတွေနဲ့ငါမလဲနိုင်ပါ

ငါ့အတွက်အနှိုင်းမဲ့တဲ့ချစ်သူ

ငါယုံဆဲပဲ တစ်နေ့တော့နီးမှာပါ.......

Altro da ရွှေထူး (shwe Htoo)

Guarda Tuttologo