menu-iconlogo
huatong
huatong
--cover-image

တို့တော့သတိရနေမှာပါ

ဖြိုးပြည့်စုံ/ဂျူဝယ်huatong
berlinbuchhuatong
Testi
Registrazioni
"တို့တော့သတိရနေမှာပါ"

ဖြိုးပြည့်စုံ ဂျူဝယ်

ကန်ရေပြင်မြေနီလမ်း တို့နဲ့ဝေး

စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး

ယုံပါကွာအချစ်ဆုံးမင်းကို

တို့တော့သတိရနေမှာပါ

အိမ်ပြန်ချိန်တို့ခွဲ တစ်လမ်းဆီမို့

ပြန်လည်ဆုံဆည်း ကြနိုင်ဖို့

ကံကိုမျှော်လင်းရင်း အဝေးကတို့

သတိရနေမှာပါ

Library လေးလည်းတို့နဲ့ဝေး

RC လေးလည်းသတိရမိတယ်

ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်

ဂျပ်ဆင်အိုလည်း ဘယ်မမေ့ဘူး

ကြင်နာသူတွေရဲ့ ကံ့ကော်တန်း

ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း

ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ

သတိရနေမှာပါ

Library လေးလည်းတို့နဲ့ဝေး

RC လေးလည်းသတိရမိတယ်

ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်

သစ်ပုပ်ပင်လည်း အဝေးဆုံးဝေး

Library လေးလည်းတို့နဲ့ဝေး

တို့နဲ့ဝေး

RC လေးလည်းသတိရမိတယ်

ရင်မှာလွမ်းလို့ ကျတဲ့မျက်ရည်

ဂျပ်ဆင်အိုလည်း ဘယ်မမေ့ဘူး

ကြင်နာသူတွေရဲ့ ကံ့ကော်တန်း

ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း

ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ

သတိရနေမှာပါ

ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ

သတိရနေမှာပါ

Altro da ဖြိုးပြည့်စုံ/ဂျူဝယ်

Guarda Tuttologo