menu-iconlogo
huatong
huatong
avatar

မိုးနဲ့အတူ

အေးမြဖြူhuatong
mike_mimshuatong
Testi
Registrazioni
သီချင်း - မိုးနဲ့အတူ

တေးဆို - Aye Mya Phyu

တိမ်ညိုတွေဖုံးလို့

ကောင်းကင်ညို့ညို့တက်လာတယ်

လေယူရာယိမ်းနွဲ့ မိုးတိမ်

မျောလွင့် သက်ဝင်ဆဲ

အတူရွာသွန်းခဲ့

ပြယ်လွင့်သွားမဲ့

အကြောင်းတွေ အထပ်ထပ် ဖြစ်ပေါ်လည်း

မိုးစက်မှုန်များရယ် ချစ်ခဲ့ဖူးပါတယ်...

ရာသီရယ် ပြောင်းလဲတတ်တဲ့

အခိုက်အတန့် ရှိပေမဲ့

ငယ်ရွယ်သူ လွှမ်းမိုးထားတဲ့

နှလုံးသားကောင်းကင်ထဲ

ခုံမင်တတ်ခဲ့ ယုံကြည်တတ်ခဲ့

ခဏတာ အိပ်မက်ဖြစ်လာတယ်

မိုးစက်မှုန်များထဲ မျှော်လင့်ချက်များစွာနဲ့...

မိုးစက်တို့ကြွေတိုင်း

ကြည်နူးခဲ့ရတိုင်း

အချိန်တန်ပျက်ပြယ်သွားမှာစိုးလို့

ကတိတွေထားလေတိုင်း

သူရှောင်ပြေးခဲ့ မိုးသားအတိုင်း....

ရာသီရယ် ပြောင်းလဲတတ်တဲ့

သဘောတရားများစွာနဲ့

နေသာချိန် လွင့်ပျောက်သွားခဲ့

မိုးရနံ့များဟာလည်း

ကြင်နာခြင်းနဲ့

နာကျင်ခြင်းရဲ့

ကြားမှာ ဒွိဟဖြစ်လာတယ်

မိုးစက်မှုန်များထဲ စီးဆဲမျက်ရည်ရယ်...

မိုးစက်တို့ကြွေတိုင်း

လွမ်းစိတ်နဲ့မှိုင်း

အချိန်တန် ပျက်ပြယ်သွားမယ်အသိနဲ့

စိတ်ဖြေသိမ့်လေတိုင်း

ရင်မှာသည်းဆဲ မိုးသားအတိုင်း...

အချိန်တန်ပျက်ပြယ်သွားမယ်သိလည်း

ဆုပ်ကိုင်ထားနေဆဲ

ပြိုကာကျပေါ့ မိုးသားတွေရယ်...

Altro da ​အေးမြဖြူ

Guarda Tuttologo