menu-iconlogo
huatong
huatong
adjustor-underground-cover-image

UNDERGROUND

Adjustorhuatong
Caricato da fndisidiv
သီချင်း : UNDERGROUND

တေးဆို : Adjustor

နေ့စဉ်တွေ့မြင်ရတဲ့ဘဝကခဏတာ

ငါရုန်းထွက်ချင်တယ်ဘယ်မှာများ

သိပ်ချစ်ရတဲ့လွတ်လပ်မှုတွေတည်မြဲမလည်း

နေရာသစ်လေးတစ်ခုလိုလားတယ်

May be where we didn't know

စိတ်ကူးတွေကိုယ့်အနားရှိစေဖို့ လာပါ

Let's meet in a brand new place,

We want to be there.

ရထားလေးစီးကာခရီးထွက်လာခဲ့တယ်

မြေဆီလွှာထဲစိုက်ဝင်လို့

ကမ္ဘာမြေအောက်မှာဘာတွေရှိမလဲသိချင်တယ်

ငါတစ်ကိုယ်တော်ခြေဆန့်ခဲ့တယ်

တဖြည်းဖြည်းနဲ့ကွာမြေသားပုံစံမျိုးစုံ

ခေတ်ဟောင်းရုပ်ကြွင်းများစွာ

မြေအောက်မြစ်များကိုဖြတ်သန်းကာ

ဝေးလွန်းလိုက်တာကျစ်လစ်တဲ့ထုထည်မြေလွှာအဆုံး

ငါပြုတ်ကျကာသွားနေရောင်ခြည်တွေလိုလိုပါ

မျက်လုံးများဝေဝါးငါဟာဘယ်များရောက်နေတာ

ဆန်းပြားလိုက်တာတောက်ပလွန်းတဲ့ရတနာတွေဟာ

ခြေနင်းကြမ်းခင်းမှာရှိကြငါမမြင်ဘူးတဲ့

လူပုံစံတွေဟာလိပ်ပြာတွေစီးကာ

ခရီးနှင်နေကြတာချော်ရည်ပူလို

မိုးသားအောက်မှာကမ္ဘာအောက်ကနောက်ထပ်ကမ္ဘာ

နေ့စဉ်တွေ့မြင်ရတဲ့ဘဝကခဏတာ

ငါရုန်းထွက်ချင်တယ်ဘယ်မှာများ

သိပ်ချစ်ရတဲ့လွတ်လပ်မှုတွေတည်မြဲမလည်း

နေရာသစ်လေးတစ်ခုလိုလားတယ်

May be where we didn't know

စိတ်ကူးတွေကိုယ့်အနားရှိစေဖို့လာပါ

Let's meet in a brand new place,

We want to be there.

ပတ်ဝန်းကျင်တစ်ခုလုံးကပန်းရောင်မြူခိုးများ

တိမ်တွေကမြေမှာသွားနေ

ဝေလငါးတွေလမ်းလျှောက်တတ်ကြတာ

ဆင်တွေကျားတွေဟာပင်လယ်မှာကျက်စား

အနီရောင်ကမ်းခြေများနဲ့အနားသတ်ထား

အမြဲတမ်းညနေခင်းပဲရှိတယ်

ဒီမှာရွှေအိုရောင်တွေဖြတ်သန်းလို့ရယ်

လူတွေလိုစကားပြောတတ်တဲ့အင်းဆက်တွေရယ်

သစ်ပင်များမှာကိုယ်စီခံစားချက်တွေနဲ့အတွင်းဘက်လောက

စက်မှုဇုန်များကြောင့်ရယ်တို့ကမ္ဘာကြီးမှာ

မီးတောင်တွေပေါက်ကွဲကြယ်စင်များနဲ့နေမင်းကြီး

အကြောင်းရယ်ဒီမှာဒဏ္ဏာရီတွေဖြစ်လို့နေမလားကွယ်

ငါ့ကိုလိုက်ပြီးမငြှင်းဆဲကြနဲ့

ဒီနေရာထိကွာလုံခြုံငြိမ်းချမ်းနေဆဲပါ

မြေအောက်ကမ္ဘာငါနေချင်လိုက်တာ

နေ့စဉ်တွေ့မြင်ရတဲ့ဘဝကခဏတာ

ငါရုန်းထွက်ချင်တယ်

ဘယ်မှာများသိပ်ချစ်ရတဲ့လွတ်လပ်မှုတွေတည်မြဲမလည်း

နေရာသစ်လေးတစ်ခုလိုလားတယ်

May be where we didn't know

စိတ်ကူးတွေကိုယ့်အနားရှိစေဖို့ လာပါ

Let's meet in a brand new place,

We want to be there.

Brand new place,

Let's meet in a brand new place.

Registrazioni

Potrebbe piacerti

Visualizza altrologo

Playlist Correlate

Visualizza altrologo