သီချင်း - အချစ်ဦးပုံပြင်
တေးဆို - အငဲ
အခုလို ဇာတ်သိမ်း
အဆုံးသတ်လိမ့်မယ် ကြိုမြင်ပေမယ့်လည်း
ငါ့အတွေးတွေ ရှုပ်နေဆဲ
တကယ်စွန့်လွှတ်ရချိန် မဖြေနိုင်ပါလားကွယ်
အချစ်ကို မေ့ပြီး
တဖက်သတ် ငါ့ရဲ့အမှား မင်းမှတ်ယူလိုက်ပါ
မဆုံစည်းနိုင် အချစ်ရဲ့လမ်း
မလျှောက်ရက်တော့ပါ အချိန်မီပြန်စွန့်ခွာ
မင်း မျှော်လင့်ချက်ထားကာ အားငယ်နေမလား
ငါ ရက်စက်လွန်းတယ် မြင်လိုက်တော့
ငါ သစ္စာမဲ့သူတစ်ယောက် ထင်မြင်လိုက်
မုန်းပါ မေ့ပါတော့ အချစ်ဦးလေးရယ်
အချစ်ကိုစွန့်ပြီး
ဘယ်သူမှ မသိနိုင် ငါ့အသည်းတစ်စစီကွဲလို့
ရင်တွင်းဒဏ် ကြည့်စမ်း
နှစ်သိမ့်မရတဲ့ ငါ့မျက်ရည်စက်တို့
ချစ်သူရေ
မင်း မျှော်လင့်ချက်ထားကာ အားငယ်နေမလား
ငါ ရက်စက်လွန်းတယ် မြင်လိုက်တော့
ငါ သစ္စာမဲ့သူတစ်ယောက် ထင်မြင်လိုက်
မုန်းပါ မေ့ပါတော့ အချစ်ဦးလေးရယ်
အခုတော့ တို့ဝေးကြပြီ
အခုတော့ တို့...ဝေးကြပြီ
အခုတော့ တို့ဝေးကြပြီ