menu-iconlogo
huatong
huatong
avatar

ရေအရင်လောင်းမယ်

Anonimushuatong
100020913326huatong
Testi
Registrazioni
သင်္ကြန်ခါတော် မရောက်ခင်

တစ်ပတ်ကြို စီစဥ်ထားတယ်

လမ်းထိပ်မှာ မဏ္ဍပ်ကလေးလဲ

အဆင်သင့်ပဲ....

အတာရေးနဲ့ဆေးနှစ်ဟောင်းက

အညစ်ကြေးများလည်း

စိတ်သစ်လူသစ်နဲ့

ငွေဖလားလေးသွားဝယ်...မယ်

သင်္ကြန်အကြိုနေ့ဆို

မင်းရဲ့အိမ်ရှေ့အနားပဲ

ကိုယ့်လက်မှာ ပိတောက်ပန်း

တစ်ခက်ပါလာမယ်

ရေပူကိုရေနဲ့ရောလို့

ဝမ်းဆက်အဝါလေးဝတ်လို့

ထွက်လာ ယိမ်းသမငယ်ကို

အဦးဆုံးရေလောင်းပေးရမယ်

ရေအရင်လောင်းမယ်

ကြည်ဖြူနိုင်မလားကွယ်

အကြောင်းပြချက်တွေ

ဆင်ခြေ ဘာတစ်ခုမှမပေးနဲ့

(မပေးနဲ့) ရေစိုမှာဆိုးရင်

အိမ်ထဲက မထွက်နဲ့

ရေပက်တဲ့လူငယ်တွေကို

အပြစ်ကြီး မပြောကြနဲ့

ရွှေရောင်သနပ်ခါးရယ်

ဒီငွေရောင် ရေဖလားရယ်

သင်္ကြန်ပန်းကုံးလေးနဲ့

လှပါတယ် မေရယ်........

ဒီဇဗ္ဗူမှာတစ်မူထူးတယ်

အခါတော်အချိန်တိုလေးကို

မင်းနဲ့အတူဖြတ်သန်းလို့

ကုန်ဆုံးသွားပါ့မယ်

ရေအရင်လောင်းမယ်

ကြည်ဖြူနိုင်မလားကွယ်

အကြောင်းပြချက်တွေ

ဆင်ခြေ ဘာတစ်ခုမှမပေးနဲ့

(မပေးနဲ့) ရေစိုမှာဆိုးရင်

အိမ်ထဲက မထွက်နဲ့

ရေပက်တဲ့လူငယ်တွေကို

အပြစ်ကြီး မပြောကြနဲ့

ရေအရင်လောင်းမယ်

ကြည်ဖြူနိုင်မလားကွယ်

အကြောင်းပြချက်တွေ

ဆင်ခြေ ဘာတစ်ခုမှမပေးနဲ့

(မပေးနဲ့) ရေစိုမှာဆိုးရင်

အိမ်ထဲက မထွက်နဲ့

ရေပက်တဲ့လူငယ်တွေကို

အပြစ်ကြီး မပြောကြနဲ့

ရွှေရောင်သနပ်ခါးရယ်

ဒီငွေရောင် ရေဖလားရယ်

သင်္ကြန်ပန်းကုံးလေးနဲ့

လှပါတယ် မေရယ်........

ဒီဇဗ္ဗူမှာတစ်မူထူးတယ်

အခါတော်အချိန်တိုလေးကို

မင်းနဲ့အတူဖြတ်သန်းလို့

ကုန်ဆုံးသွားပါ့မယ်

Altro da Anonimus

Guarda Tuttologo