သီချင်း - Easy Going (Single)
တေးဆို - Athen Cho Swe
ဟိုအရင်တုန်းက ဆုပ်ကိုင်ဖူးတဲ့
လက်ဖဝါးလည်း မရှိတော့ဘူး
ဝိုင်ပုလင်းကြီး အခုကိုင်ထားတယ်
သန်းခေါင်ကျော်တဲ့အထိသောက်ကာမူး
သေတောင်မခွဲဘူး ပြောကာထားခဲ့
အိမ်မက်ဆိုးထဲ လက်ပစ်ကူး
လက်တလောတော့ အသည်းတွေကွဲလဲ
ပြီးရင် အိမ်မက်ထဲလည်း မထည့်တော့ဘူး
သူငယ်ချင်းတွေနဲ့ပဲ
အချိန်ပေးကာလျှောက်လည်
စောက်တလွဲတွေချည်းပဲ
ပလပ်တွေကျွတ်တယ်
အတူသွားခဲ့ဖူးတဲ့
နေရာလေးတွေရောက်ခဲ့
ဟာသတွေပဲကွယ်
ခုအေးဆေးပဲ
(easy going ပဲ)
အရင်ကထက်လည်း အသည်းမာသွားခဲ့
(easy going ပဲ)
အရင်ကလောက်လည်း မလွမ်းတော့ဘူးပဲ
ဆံပင်လေးလည်းညှပ်လိုက်သေးတယ်
လိုရင်မိတ်ကပ်လေးပါ လူး
Gym တွေဆော့လို့ ဝိတ်ပါလျော့တယ်
ငါပုံတုံးကြီးမဟုတ်တော့ဘူး
Sexy ကျတဲ့အ၀တ်တွေရွေးချယ်
အရင်က ဒီဇိုင်းကြီး မဟုတ်တော့ဘူး
နင်ပစ်သွားတဲ့ ဘီလူးမကြီးဟာ
နတ်သမီးလေးဖြစ်ပြီ အခု....
သူငယ်ချင်းတွေနဲ့ပဲ
အချိန်ပေးကာလျှောက်လည်
စောက်တလွဲတွေချည်းပဲ
ပလပ်တွေကျွတ်တယ်
အတူသွားခဲ့ဖူးတဲ့
နေရာလေးတွေရောက်ခဲ့
ဟာသတွေပဲကွယ်
ခုအေးဆေးပဲ
(easy going ပဲ)
အရင်ကထက်လည်း အသည်းမာသွားခဲ့
(easy going ပဲ)
အရင်ကလောက်လည်း မလွမ်းတော့ဘူးပဲ
သေတောင်မခွဲဘူး ပြောကာထားခဲ့ အိမ်မက်ဆိုးထဲ လက်ပစ်ကူး
လက်တလောတော့ အသည်းတွေကွဲလဲ
ပြီးရင် အိမ်မက်ထဲလည်း မထည့်တော့ဘူး
easy going