menu-iconlogo
huatong
huatong
doublej-nya-alin-cover-image

Nya Alin

DoubleJhuatong
Caricato da jinhekim1
ဘာဆိုဘာမှမရှိသီချင်းပဲညည်းတဲ့ဘဝတွေထဲ

နင်ဟာအလင်းတန်းလေးတစ်ခုအဖြစ်နဲ့ရောက်လာတယ်

ကမ္ဘာဟာပြောင်းလဲခဲ့အချစ်တစ်ခုရဲ့စွမ်းအင်ကြောင့်ပါပဲ

ငါလည်း ချစ်မိခဲ့ပါတယ်

ပူလောင်လွန်းတဲ့ဘဝအချစ်ကြောင့်အရိပ်ရစေခဲ့

ကိုယ်တို့ဝေးပီးနောက်ဖြစ်မယ့်အကြောင်းများမတွေးပါနဲ့

ပျောက်ဆုံးခဲ့တဲ့နေ့ရက်တို့လမ်းပြပေးပါကွယ်

ဒါလည်း အချစ်တစ်ခုကြောင့်သာရယ်

ဟိုး ငါ့ဘဝတစ်ခုလမ်းပျောက်နေချိန်

နင်ဟာလမ်းပြဖေးလို့ကူ

မှောင်မိုက်ခဲ့တဲ့အတွေးညတွေဆို

ဘယ်သူမှအနားနားမရှိခဲ့ဘူး

နင်ဟာလမင်း

ငါ့ဘဝရဲ့ ညအလင်း

ကိုယ့်အတွက်အမြဲစိတ်ညစ်ရမင်းပတ်ဝန်းကျင်မှာ

အသိုင်းအဝိုင်းကမိုးနဲ့မြေခြား

စွန့်လွတ်ပီးချစ်ခဲ့သမျှမင်းအတွက်တန်ရဲ့လား

မင်းမရှိလို့မဖြစ်တော့တဲ့ဘဝ

မဆုံစည်းပေမယ့် ရေစက်မကုန်သေးနိုင်လို့

ကံတရားကိုပဲအပြစ်လွဲနေမိတာမျိုး

အမှန်အမှားကိုမသိငါတို့တွေဆက်တိုး

မင်းအလင်းပဲကိုးကွယ် မင်းအနားပဲရှိတယ်

ဟိုး ငါ့ဘဝတစ်ခုလမ်းပျောက်နေချိန်

နင်ဟာလမ်းပြဖေးလို့ကူ

မှောင်မိုက်ခဲ့တဲ့အတွေးညတွေဆို

ဘယ်သူမှအနားနားမရှိခဲ့ဘူး

နင်ဟာလမင်း

ငါ့ဘဝရဲ့ ညအလင်း

လမ်းပျောက်သူရှာရင်တွေ့

မရှိတဲ့သူကြာရင်မေ့

စကားများကိုနားထဲကြားလို့

ထားခဲ့တဲ့ အမှောင်ထုထဲ

ဘဝတစ်ခုဟာ ကယ်သူမဲ့

အလင်းရှိရာ ရှာဖွေမိလို့

Potrebbe piacerti

Visualizza altrologo

Playlist Correlate

Visualizza altrologo