menu-iconlogo
huatong
huatong
--cover-image

နားပန်းဆံ

ဟေမာနေဝင်းhuatong
AyeKyaw(UOo)huatong
Testi
Registrazioni
နားပန်းဆံ

ဟေမာနေဝင်း

တို့များ..မွေးသောဋ္ဌာန

ကျေးတောရွာက သာလှတို့များ

အသားရယ် ဖြူပြန်သတော့

လူဟန်ကသနားကမားနဲ့ ယဉ်သပေါ့

ကျော့ကာပဲ အရပ်ထဲရွာထဲ

အလှူပွဲခင်းသမျှ ဒင်းကပါမြဲ

ပိုးဇာဖဲ.. အဖိုးမှာမနည်း..

ပုဆိုးပါဆွဲ.. လူကြားထဲ နွှဲသွန်ကပြန်

ပွဲအလွန်ကျတာအမှန် တစ်ခါပြန်

ရွာခံလူတိုင်း ဝိုင်းလို့တောင်းပန်

လာပြန်ချည်သေးရဲ့တဖန်

ညာသံချီပေးခဲ့ပြန်

အဖော်တွေမှာ မျှော်နေတာအမှန်

ပျော်လေကွာ ဖျော်ဖြေပါရန်..

ဟဲ့ သာလှ..

ကပါဟ သာလှ..

ပါးတစ်ဖက်တစ်ချက် ပါးကွက်ကိုနှံ

မျက်နှာထား သနပ်ခါးခံ

အသားညက်ညက် မဖျက်ဆိုရန်

တစ်သက်တာသွား မှတ်သားဟန်

နားအထက်က ဗွေမှာသူပန်းပန်

နားပန်းဆံ နားပန်းဆံ

နားထင်မေးကာ တန်းကျပြန်

လှမ်းကတဲ့ဟန်

ဟေးလားကွယ်မောင်ရို့ ဟေးလားကွယ်မောင်ရို့

ဝမ်းစမိုးရွာ သောသောညံ

ဟေးလားကွယ်မောင်ရို့ ဟေးလားကွယ်မောင်ရို့

ဝမ်းစမိုးရွာ သောသောညံ

တခါတရံများ ဗျာပါဟန်ထား

ကြာဇံသားဧကံ...

ရွာခံများက မြှောက်စားပြန်

ယောက်ျားဘသား သာလှနားပန်ဆံ..

အစားသန်သန် တအားမြန်မြန်

အလှူလာရန် လူတကာထံ

ထွေးသာညံ ကလေးပါမကျန်

မီးခိုးတိတ် ဖိတ်ကြအမှန်

ကြက်ဆီပြန် ဝက်သနီပန်းကန်

မအီအောင် ချဉ်ပေါင်ခံ...

ပုခုံးမြုပ်မှကြံ အိုကုန်းတုတ်ကြရန်

ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဌာန်...

ထမင်းရည်ချောင်းစီး ပေါင်းပြီးသွန်ရန်

ပြည်ဝင်ကြေးအိုး မီးထိုးပါမြန်မြန်

ထမင်းရည်ချောင်းစီး ပေါင်းပြီးသွန်ရန်

ပြည်ဝင်ကြေးအိုး မီးထိုးပါမြန်မြန်

ဟဲ့ ဟဲ့ ဆာကြမယ်ဧကန်

အို အို လာသမျှတွယ်နေပြန်

ဟဲ့ ဟဲ့ ဖျာစမယ်ပေကျံ

အို အို ဗလာကျတယ် ကြွေပန်းကန်

ဟယ်သာလှရယ် စာဝရင်လာကရန်

နင်မခိုနဲ့ဟာ အိုဘယ်ညာ ခေါ်ရပြန်

တစ်ဦးစ နှစ်ဦးစ

ဘောက်ဆူးချမှ ကမယ့်ဟန်

ပေးကြတော့ပြန်..

ဟေးလားကွယ်မောင်ရို့ ဟေးလားကွယ်မောင်ရို့

ဝမ်းစမိုးရွာ သောသောညံ

ဟေးလားကွယ်မောင်ရို့ ဟေးလားကွယ်မောင်ရို့

ဝမ်းစမိုးရွာ သောသောညံ

တခါတရံများ ဗျာပါဟန်ထား

ကြာဇံသားဧကံ...

ရွာခံများက မြှောက်စားပြန်

ယောက်ျားဘသား သာလှနားပန်ဆံ..

Altro da ဟေမာနေဝင်း

Guarda Tuttologo