menu-iconlogo
huatong
huatong
avatar

Anna - Floke Rose

Floke Rosehuatong
ᴅᴀɪꜱʏhuatong
Testi
Registrazioni
ငါဟာ Xanax တွေသောက်ပြီး

အခန်းပျက်နေလောက်တဲ့

ဦးနှောက်နဲ့ တခန်းရပ်သွားတဲ့

အလွမ်းဇာတ်တစ်ခု အကြောင်ကို

သီချင်းတစ်ပုဒ်ထိုင်ရေး

နာကျင်နေသော နှင်း‌ဆီကို

မသိကျေးကျွံ

မင်းလုပ်နိုင်သရွေ့

အဘက်ဘက်က စိုက်ပျိုးလာသော

ဝမ်းနည်းစိတ်တွေ

မရှင်းထုတ်နိုင်သေး Ou

လွမ်စရာရှိရင် နာစရာနဲ့ဖြေတဲ့

တကယ်တမ်းလွမ်းတဲ့အချိန်မှာ

နာစရာတွေကို မတွေးနိုင်ခဲ့တာ

ငါပါပဲလေ

ငါကောင်းကင်ဟာ အမြဲတမ်း

မီးခိုးရောင်မို့လို့ မလာပါနဲ့

တည် ဆောက်ခဲ့သမျှ အားလုံးဟာ

နောက် ဆုံးမှာအရာရာကွဲကြေ ထင်ခဲ့တာ

ဒီတစ်ခေါက် ဒီတစ်ယောက်နဲ့ရိုးမြေကျ

July မိုးတွေကြား

မိန်းမတစ်ယောက်ကို

လက်ထပ်ချင်ခဲ့ခြင်းမျိုးပါ

အခုတော့ တိမ်တွေငိုချတိုင်း

ငါ့မှာအမှောင်တွေသာရွှဲစိုလို့

အချစ်ဟာ Acrylic အနှစ်တွေ

Canvas ပေါ်မှာ ခြောက်သွေ့ခဲ့သလိုမျိုး Ou

ဒီတစ်ခါဆောင်းတော့

ရယ်စရာကောင်း ဦးမယ်

ပန်းလေးရေ

အချိန်တွေဟာကုစားသွားပေမယ့်

အချိန်တွေဟာ အရမ်းနှေးနေ

မင်းနှုတ်ခမ်းလေးတွေဟာ

အလွမ်းတေးတွေဆိုဖို့အတွက်

အရမ်းအေးနေလောက်တယ်

မင်းခြေလှမ်းလေးတွေ

ရွေးတဲ့လမ်းတိုင်းမှာ ချမ်းမြေ့စေ Ou

အဆင်မပြေဘူးဆိုလည်း

ပြန်သာလာခဲ့

တည်ငြိမ်နေတုန်းမှာ

Villain တွေပေးတဲ့ စိတ်ဒဏ်ရာဟာမနည်း

Anna နင်ဘယ်မှာလဲ

ညရောက်တိုင်းမှာ ယောင် ယမ်းတုန်းပဲ

နင့်ကိုခေါ်သွားတဲ့

နင့်အမေ $ကောင်မကြီးကို

‌$ရမ်းမုန်းတယ်

အားလုံးကို တဇွတ်ထိုး တဇောက်ကန်း

သေမှာမကြောက်တဲ့

အနာဂတ်မရှိ

ငါလိုကောင်ရဲ့ဘေးမှာ

မနေတာကောင်းတယ်

Anna နင်သိလား

ငါ့ဘဝမှာ ငါလိုအပ်တာ

နင်ရယ်

ဂီတာတ်လက်

ကဗျာတစ်ပုဒ်ရယ်နဲ့

စကေဘာ တစ်ချောင်းပဲ

ဒီ နာကျင်ခြင်းတွေ အားလုံးဟာလည်း

ဘာလိမ်းမှပျောက်မလဲ

စိတ်တစ်ခုလုံးဟာ ကျိုးကြေလို့

ဒါမိန်းမတစ်ယောက်ရဲ့

လာစိမ်းကမှုတွေကြောင့်

ကျလာတဲ့မျက်ရည်သာ

စွမ်းအင်ရှိခဲ့ရင်

အစိုးရက လာသိမ်းသွားလောက်တယ်

နာကျင်နေတာ ဒီအိပ်မက် ထဲမှာ

အရင်တိုင်း

ပြန်နေမယ်ဆို အရင်လိုဖြစ်အုန်းမလား

အချစ်က နင့်ရေမွှေးကိုဆွတ်

နင့်ပုံရိပ်ကိုရှာဖွေနေဆဲ

ဆံပင်အထူတွေထဲ

မျက်တောင်အရှည်တွေထဲ ငါနေနေဆဲ

တခြားမိန်းမတွေနဲ့

အိပ်လိုက်တာပဲရှိတယ်

အချစ်မပါဘူး

နင်နဲ့လို စိတ်ခံစားမှာမျိုးက

သူတို့နဲ့ ဖြစ်မလာဘူး

လူချင်းအတူတူမရှိသင့်တော့ပေမယ့်

စိတ်ချင်းလည်း မဝေးကွာရဲ

နောက်တခါ ငါ့နောက်ကျောကိုထိုးမယ်ဆို

နင့်ဓားကို သွေးလာခဲ့ Ou

ကျေးဇူးပြုပြီး နေပေးပါ

လက်ရှိအတိုင်းဆိုလည်း

ငါ့အိပ်ယာ ဘယ်ဘက်အခြမ်းကို

တချက်ကြည့်တိုင်း ငိုဆဲ

ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို

မေ့ဖို့

ဆိုတာမျိုးက

မမြင်ဖူးတဲ့ သူစိမ်း‌တစ်ယောက်ကို

မှတ်မိခိုင်းသလိုပဲ

နာကျင်နေတာ ဒီအိပ်မက် ထဲမှာ

အရင်တိုင်း

ပြန်နေမယ်ဆို အရင်လိုဖြစ်အုန်းမလား

ငါတို့ Relationship က

ဘယ်လိုမှ အကောင်တိုင်း

ပြန်မဖြစ်နိုင်တော့ဘူး

ငါလည်းမင်းကို

အရင်လိုမျိုး

ပြန်မချစ်နိုင်တော့ဘူး (˃̣̣̥ᯅ˂̣̣̥)

00:27TUEJAN2125DAISY

Altro da Floke Rose

Guarda Tuttologo