menu-iconlogo
huatong
huatong
avatar

နေမဝင်မြို့

Htoo El Linnhuatong
ogrady77huatong
Testi
Registrazioni
သီချင်း - နေမဝင်မြို့

တေးဆို - ထူးအယ်လင်း

မသွားပါနဲ့ဆိုတဲ့ ဒီလမ်းကိုနင်သွားတယ်

အာဟာ အာဟာ

အိပ်ပျော်ဖို့ခက်ခဲနေခဲ့တဲ့ လွင်ပြင်

ဖြတ်သန်းနေရင်း

လေနှင်ရာလွင့်တဲ့အခါ ခြေလှမ်းများဟာ

လိုချင်မှုကမ်းပါးမှာ နင်ရှေ့ဆက်ရန်ရှိသလား

ဆုပ်ကိုင်ထားခဲ့ဖူး လက်တွဲတွေပြေလေရဲ့

အာဟာ အာဟာ

မျော်လင့်ချက်စိတ်ကူးတွေများစွာနောက်ကို

အပြေးလိုက်နေရင်း

စံပယ်တွေကိုခင်းလိုက်ပါ နင်လှမ်းတဲ့အခါ

ကြယ်တွေလိုလင်းလိုက်ပါ

စိတ်ကူးကောင်းကင်ထဲမှာ

နေမဝင်တိုင်းအမြဲတမ်းလှသွားမှာ

နင်ထင်နေတဲ့အိပ်မက်များ

အချိန်တန်တော့ လမင်းကိုငါတမ်းတရင်း

နင်ဆိုနေတဲ့ တေးသီချင်းများ yeah

အငွေ့တွေထွက်နေတဲ့ တိမ်တိုက်တွေကပြောတယ်

အာဟာ အာဟာ

ကမ္ဘာရဲ့တစ်ဖက်က နှင်းစက်လေးတွေကြားမှာ

အေးစက်နေရင်း

ကြယ်တွေကိုပြောပေးပါ သူရေးတဲ့ကဗျာ

စိုနေတဲ့နှင်းကြားမှာ လန်းဆန်းတဲ့တေးသွား

ဆုပ်ကိုင်ထားခဲ့ဖူး လက်တွဲတွေပြေလေရဲ့

အာဟာ အာဟာ

မျော်လင့်ချက်စိတ်ကူးတွေများစွာနောက်ကို

အပြေးလိုက်နေရင်း

စံပယ်တွေကိုခင်းလိုက်ပါ နင်လှမ်းတဲ့အခါ

ကြယ်တွေလိုလင်းလိုက်ပါ

စိတ်ကူးကောင်းကင်ထဲမှာ

နေမဝင်တိုင်းအမြဲတမ်းလှသွားမှာ

နင်ထင်နေတဲ့အိပ်မက်များ

အချိန်တန်တော့ လမင်းကိုငါတမ်းတရင်း

နင်ဆိုနေတဲ့ တေးသီချင်းများ yeah

အငွေ့တွေထွက်နေတဲ့ တိမ်တိုက်တွေကပြောတယ်

မသွားပါနဲ့ဆိုတဲ့ ဒီလမ်းကိုနင်သွားတယ်

မသွားပါနဲ့ဆိုတဲ့ ဒီလမ်းကိုနင်သွားတယ်

အငွေ့တွေထွက်နေတဲ့ တိမ်တိုက်တွေကပြောတယ်

အငွေ့တွေထွက်နေတဲ့ တိမ်တိုက်တွေကပြောတယ်

မသွားပါနဲ့ဆိုတဲ့ ဒီလမ်းကိုနင်သွားတယ်

ကမ္ဘာရဲ့တစ်ဖက်က နှင်းစက်လေးတွေကြားထဲ

Oh..

Altro da Htoo El Linn

Guarda Tuttologo