menu-iconlogo
huatong
huatong
avatar

မဆုံနိုင်သောဘဝ

KKT/Chan Chanhuatong
fiebigwshuatong
Testi
Registrazioni
" မဆုံနိုင်သော ဘ၀ "

ဆို ကေကေတီ ချမ်းချမ်း

အကြွေပန်းကို ကိုယ်လိုချင်ပေမယ့်လည်း

သခင် ပေးချင်မှရမှာမို့

မြင်နေလည်း ငေးကာကြည့်ရင်းနဲ့လေ

မြေလမ်းကလေး လွမ်းနေ

အချစ်ဆုံးကို ကိုယ်လိုချင်ပေမယ့်

အခြေအနေချင်းမတူတဲ့ ဘ၀တွေမို့

မျှော်လင့်ရင်း အနားမှာခစားရင်းလေ

မခေါ်ရဲဘူး မင်းကို

ဒီအချိန်မျှော်လင့်ရင်းနဲ့ အချစ်တွေ

ရင်မှာ ကျန်ခဲ့တော့

ကူညီစာနာလှည့်ပေါ့ ချစ်သူ

ပြန်လာခဲ့ပါနော်

ဒီမှာ မျှော်လင့်ရင်းနဲ့မင်းကို

လာပါ စောင့်စားလို့

အစဉ်သာကြင်နာခြင်းနဲ့ မင်းကို

တကယ် ချစ်သွားမယ်ယုံ

မြေကြီးနဲ့ဘယ်အချိန် ဆုံနိုင်မလဲ

ထာဝရ အမြင့်ဆုံးကောင်းကင်ရယ်

မြင်နေလည်း အဝေးမှာကြည့်ရင်းနဲ့လေ

အဖော်မဲ့တဲ့ညနေ

အချစ်ဆုံးကို ရင်ဆိုင်ကြုံလိုက်တိုင်း

ခြေတော်ရင်း မော်ဖူးရသူမို့

မြိုသိပ်ရင်းအနားမှာ ခစားရင်းလေ

မ၀ံ့ရဲဘူး မင်းကို

ဒီအချိန်မျှော်လင့်ရင်းနဲ့ အချစ်တွေ

ရင်မှာ ကျန်ခဲ့တော့

ကူညီစာနာလှည့်ပေါ့ ချစ်သူ

ပြန်လာခဲ့ပါနော်

ဒီမှာ မျှော်လင့်ရင်းနဲ့မင်းကို

လာပါ စောင့်စားလို့

အစဉ်သာကြင်နာခြင်းနဲ့ မင်းကို

တကယ် ချစ်သွားမယ်ယုံ

တိုင်တည် ကိုယ်နဲ့မင်းနဲ့သစ္စာ

အခုဘ၀မှာ မဖြစ်နိုင်ပြီကွယ်

နောင်တစ်ချိန် ကြုံလာဦးမယ့်

ဘ၀တွေ မဆုံးတမ်းကွယ် ချစ်မယ်ယုံ

ဒီအချိန်မျှော်လင့်ရင်းနဲ့ အချစ်တွေ

ရင်မှာကျန်ခဲ့တော့

ကူညီစာနာလှည့်ပေါ့ ချစ်သူ

ပြန်လာခဲ့ပါနော်

တိုင်တည် ကိုယ်နဲ့မင်းနဲ့သစ္စာ

အခုဘ၀မှာ မဖြစ်နိုင်ပြီကွယ်

နောင်တစ်ချိန် ကြုံလာဦးမယ့်

ဘ၀တွေ မဆုံးတမ်းကွယ် ချစ်မယ်ယုံ

ဒီမှာ မျှော်လင့်ရင်းနဲ့မင်းကို

တစ်ချိန်မှာ ပြန်တွေ့ဖို့

အစဉ်သာ မျှော်လင့်ရင်းနဲ့မင်းကို

တကယ် ချစ်သွားမယ်ယုံ

မျှော်လင့်ရင်းနဲ့ ဝေးပြီ

ကိုယ်ပြန်တွေးရင်း လွမ်းနေမှာ

Altro da KKT/Chan Chan

Guarda Tuttologo
မဆုံနိုင်သောဘ၀ di KKT/Chan Chan - Testi e Cover