menu-iconlogo
huatong
huatong
avatar

အတိတ်အိပ်မက်

Nay Min Eainhuatong
lisaxiaohuatong
Testi
Registrazioni
သီချင်း : အတိတ်အိပ်မက်

တေးဆို : နေမင်းအိမ်

ပြိုလဲခဲ့တဲ့အတိတ်နေ့များပြန်ပြီးတော့ငါမတွေးချင်ပါ

ဒီရင်ထဲမင်းတောက်များစွာနဲ့လောင်ကျွမ်းနေခဲ့

တစ်ကယ်ချစ်ခဲ့တာမင်းအသိဆုံးနင်ဘာတွေဖြစ်ဖြစ်ပါ

သံသယကင်းတဲ့ငါ့ချစ်ခြင်းများစွာရယ်

ဒါကိုနင်နားမလည်ဒီလူကိုထားခဲ့

ရင်မှာနာကျင်ခြင်းများစွာနဲ့ငါ

နေတော့ကျေနပ်လိုက်တော့

နင်ပြန်မလာနဲ့ငါဘဝနဲ့ငါ

နင်မရှိလည်းအလွမ်းတွေငါ့ကိုအဖော်လုပ်ပေးလိမ့်မယ်

ပျော်တော့ပျော်လိုက်တော့နင်သာယာတဲ့နင့်ရဲ့ဘဝမှာနေပြီး

ငါ့ကိုအပြီးအပိုင်နင်မေ့လိုက်ပါ

ဒီမှာအဆုံးသတ်လိုက်တော့

ဟိုတုန်းကအိပ်မက်တွေလည်းပြန်ပြီးတော့ငါမမက်ချင်လာ

အချိန်ကြာသွားခဲ့ရင်မေ့နိုင်မလားငါတွေးနေတယ်

တစ်ကယ်တမ်းတော့ငါမမေ့နိုင်ဘူးရင်မှာနင်တစ်ယောက်ထဲသာ

ပြန်ဆုံဆည်းဖို့ရန်မဖြစ်နိုင်လို့ငါအလွမ်းတွေနဲ့

ဒါကိုနင်နားမလည်ဒီလူကိုထားခဲ့

ရင်မှာနာကျင်ခြင်းများစွာနဲ့ငါ

နေတော့ကျေနပ်လိုက်တော့

နင်ပြန်မလာနဲ့ငါဘဝနဲ့ငါ

နင်မရှိလည်းအလွမ်းတွေငါ့ကိုအဖော်လုပ်ပေးလိမ့်မယ်

ပျော်တော့ပျော်လိုက်တော့နင်သာယာတဲ့နင့်ရဲ့ဘဝမှာနေပြီး

ငါ့ကိုအပြီးအပိုင်နင်မေ့လိုက်ပါ

ဒီမှာအဆုံးသတ်လိုက်တော့

ဒါကိုနင်နားမလည်ဒီလူကိုထားခဲ့

ရင်မှာနာကျင်ခြင်းများစွာနဲ့ငါ

နေတော့ကျေနပ်လိုက်တော့

နင်ပြန်မလာနဲ့ငါဘဝနဲ့ငါ

နေတော့ကျေနပ်လိုက်တော့

နင်ပြန်မလာနဲ့ငါဘဝနဲ့ငါ

နင်မရှိလည်းအလွမ်းတွေငါ့ကိုအဖော်လုပ်ပေးလိမ့်မယ်

ပျော်တော့နင်သာယာတဲ့နင့်ဘဝမှာနေပြီး

ငါ့ကိုအပြီးအပိုင်နင်မေ့လိုက်ပါ

ဒီမှာအဆုံးသတ်လိုက်တော့

အဆုံးသတ်လိုက်တော့.. ဒီမှာအဆုံးသတ်လိုက်တော့

Altro da Nay Min Eain

Guarda Tuttologo