menu-iconlogo
huatong
huatong
avatar

ပကာသနဇာတ်ပျက်သမား

Playboy Than Nainghuatong
mick5532huatong
Testi
Registrazioni
သီချင်း - ပကာသနဇာတ်ပျက်သမား

တေးဆို - ပလေးဘွိုင်သန်းနိုင်

အထင်ကရအလှ တို့တတွေမပါ

နှစ်ယောက်သား ဘဝကွာခြား

အညတြ ကိုယ့်အခြေဟာ

အောက်တန်းကပါလား

ပြုထားတဲ့ အပြစ်အနာအဆာ

အခုများ အားငယ်သား

သူတစ်ပါးရဲ့ သစ္စာမဟာ

မုသားများတယ်လား

နေရယ် လရယ်ဆိုတာ

အချိန်အခါ ရှိပါတယ်နော်

နေ့ခင်းမှာ လမသာ

ညဦးဘက် နေမထွက်ပါ ....

အပူမိတဲ့ စမ်းရေပမာ

ဖောက်လွဲစိတ်သဏ္ဍာန်အလား

လူမသိခဲ့ အလွမ်းဝေဒနာ

တစ်ယောက်တည်း ကြိတ်ခံစား ....

မေတ္တာတရား ခေါင်းပါလွန်းကြတယ်နော်

သစ္စာမထား တစ်ဖက်သတ်

အစွန်းထွက်တာမတော်

ဝေသာလီဗျိုင်းမျိုးနဲ့ ယမုံနာရွှေငါးလေးဘဝ

ကွာမယ်ဆိုလည်း တစ်ကမ္ဘာဝေးရာ ....

အူ... ဟူး.... အာ ... ဟား ......

ရေငါးက ဗျိုင်းအစာပါ သဘာဝမှတ်ချက်ထား

အခြေတကျဘ၀ အတိုင်းအတာဟာ

ပကာသနဇာတ်ပျက်သမား

မေတ္တာတရား ခေါင်းပါလွန်းကြတယ်နော်

သစ္စာမထား တစ်ဖက်သတ်

အစွန်းထွက်တာ မတော်

ဝေသာလီဗျိုင်းမျိုးနဲ့ ယမုံနာရွှေငါးလေးဘဝ

ကွာမယ်ဆိုလည်း တစ်ကမ္ဘာဝေးရာ ............

အာ... ဟား.... အာ... ဟား ......

Altro da Playboy Than Naing

Guarda Tuttologo