နှင်းဆီမလေးချစ်ပုံပြင် -SimpleDimple
[v1]Go..
ဘယ်အတွက်ရယ်များ ဆူးတွေ ခြံရံထား
မလေးစံပယ်အား ပြောပါလား...
မမနှင်းဆီပန်းရယ် မေးပါ ရစေလား...
လောကရဲ့ အချစ်ဝဲ သံသရာ
အလှအပ စုဝေးရာ ချစ်စွာသောကမ္ဘာ
ဘာရယ် ကြောင့်များ
သဘောထား အမှန်တရား
ညှာကွယ် မထောက်ထား
ပြော စမ်းပါ လား....
[v2]
ပွင့် နီဝါ အရောင်ဖွေး ရမ္မက်သွေး ဖိုစရာ
လှလိုက် တာ လှလိုက် တာ
သို့သော် ငြား...
ဆူးခက်တွေ မနီးမဝေး ထွေးပိုက် လို့ထား
မမ နှင်းဆီအနီလေး အကျည်းတန် သွား
ဘယ်အတွက်ရယ်များ ဆူးတွေ ခြံရံထား
မလေးစံပယ်အား ပြောပါလား...
[v1]
မမ နှင်းဆီ ပန်းရယ်...
မေး လိုက် သော အခါ...
ညီမ ငယ်ထွေး
စံပယ်လေး နုနုထွေးရယ်
အလှလည်း ကြွယ်သော
ချစ်စရာ့ ကမ္ဘာလေးမှာ
အကျည်း တန်သော
သဘောတွေ မြင်လိမ့်မယ်..
[v2]
ဘဝင်သိမ့်သိမ့် ရင် ငြိမ့်ငြိမ့်
စိမ့် လေ သော
စမ်းရေလေး စီးသည့်နှယ်
သာတဲ့အခါ သာလိမ့် မယ်..
ခြောက်သွေ့သော နွေလမ်းကိုလည်း
လျှောက်ရ လိမ့်မယ်
အချစ်ရဲ့ ဒီသဘော....
[v1]
ဖြောင့်တန်း ကွေ့ကောက်
သွေ့ခြောက် စို ပြေ
ငိုမပြေ ရယ် မပျက်
ဆန့်ကျင်ဘတ် ဒီသဘော
တွေ့ရ လိမ့် ဦးမယ်...
[v2]
နှင်းဆီ နီနက် ဆူးခက် ဝေဆာ
အကျည်းတန်တာ ကြောင့်ကွယ်
အချစ်ရေး နယ်ပယ်
အသွယ်သွယ်သော အရေးမှ
မင်းထက် စာရင်
ကင်းဝေးပါ သေးတယ်...
[v2]
ညီမ ငယ်ထွေး စံပယ်လေး နုနုထွေးရယ်
အလှလည်း ကြွယ်သော
ချစ်စရာ့ ကမ္ဘာလေးမှာ
အကျည်း တန်သော
သဘောတွေ မြင်လိမ့်မယ်..
[v1]
ဘဝင်သိမ့်သိမ့် ရင် ငြိမ့်ငြိမ့်
စိမ့် လေ သော
စမ်းရေလေး စီးသည့်နှယ်
သာတဲ့အခါ သာလိမ့် မယ်..
ခြောက်သွေ့ သော နွေလမ်းကိုလည်း
လျှောက်ရ လိမ့်မယ်
အချစ်ရဲ့ ဒီသဘော....
[v2]
ဖြောင့်တန်း ကွေ့ကောက်
သွေ့ခြောက် စို ပြေ
ငိုမပြေ ရယ် မပျက်
ဆန့်ကျင်ဘတ် ဒီသဘော
တွေ့ရ လိမ့် ဦးမယ်...
[v1]
နှင်းဆီ နီနက် ဆူးခက် ဝေဆာ
အကျည်းတန်တာ ကြောင့်ကွယ်
အချစ်ရေး နယ်ပယ်
အသွယ်သွယ်သော အရေးမှ
မင်းထက် စာရင်
ကင်းဝေးပါ သေးတယ်...
[v2]
အချစ် ဆို သော
အဖြေ မရှိသည့် ထို အရာရယ်
အပေါ်ယံကြော မဖြစ် တဲ့
တော် မှန်သော အချစ် နဲ့
နှင်းဆီ ပန်းကို နမ်းလာ လှည့်.. ပါ
ဆူးခက် ကလေး တွေ
အဆိပ် ပြယ်စေ ရ ပါ မယ်....