ရှေး ရေစက်မကုန်
ဆုံစည်းခဲ့တဲ့ရွှေမြို့သူရယ်
လောကမြေကမ္ဘာပေါ်ဝယ်
ခင့်တစ်ယောက်ပဲခင်တွယ်
မသွေတမ်းကြင်မယ့်ကြင်ဖက်သက်လျာ
ထာဝစဉ်ပါကွယ်
တောကမောင်ကြီးမေတ္တာ
အလွန်ကြီးမားပါတယ်
ယုံပါကွယ်ပျိုပျိုရယ်
မောင်ခေါ်ရာလိုက်ခဲ့တော့ကွယ်
ရိုးရိုးသားသားနဲ့မောင်တို့တောဓလေ့
ပျော်မွှေ့လို့နေမယ်
ရှေးရေစက်မကုန်ဆုံစည်းခဲ့တဲ့
မောင်ကြီးကိုကွယ်
လောကမြေကမ္ဘာပေါ်ဝယ်
မောင်တစ်ယောက်ထဲခင်တယ်
မသွေတမ်းကြင်မယ့်ကြင်ဖက်သက်လျာ
ထာဝစဉ်ပါကွယ်
တောကမောင်ကြီးမေတ္တာ
ပျိုလေးသိပါတယ်
ယုံပါတယ်မောင်မောင်ရယ်
မောင်ခေါ်ရာလိုက်ဖို့တော့ကွယ်
စဉ်းစားလို့ဖြင့်မောင်တို့တော့ဓလေ့
ပျော်မွေ့ဖို့မလွယ်တယ်
လိုက်တော်မူသင့်တယ်ချစ်တဲ့သက်လည်
မောင်ကြီးမျက်ခြယ်
သဘောကျအောင်ထားပါ့မယ်
မောင်ကြီးပျိုနှမရယ်
မလိုက်ချင်ပါဘူးကွယ်
တောဓလေ့ဖြင့်ပျော်မွေ့ဖို့မလွယ်
အစစအရာရာနွမ်းပါးလှတဲ့
မောင်တို့ဒေသဝယ်
မြို့သူပျိုဖြူချော တောသားမို့
အထင်သေးသလားကွယ်
ခါးလှသလိုဝမ်းလဲဝအောင်
လုပ်ကျွေးနိုင်သပါ့ကွယ်
ကိုလူညိုချော
တောသားမို့အထင်မသေးဝံ့တယ်
အားခွန်တွေကြီးမားသလောက်ကွယ်
ယောကျ်ားပီသတယ်
မောင်ကြီးတို့စီမှာကွယ်
ယာမြေတစ်ဝှမ်းနဲ့လယ်ပြင်ကျယ်
ဖြာဝေဆန်းလို့ရွှင်လန်းစရာကွယ်
ငြိမ်းချမ်းမွေ့ကြဖွယ်
ပျိုလေးတို့စီမှာကွယ်
မော်တော်ကားနဲ့တဝီဝီလည်
မောင်ကြီးတို့စီကျရင်ကွယ်
လှည်းကြမ်းစီးရမယ်
ဆိုးတယ်ရွံ့တယ်မောင်ရယ်
ရွှံ့တွေဗွက်တွေပေမယ်
ပျိုမေနှမလေ ကြောက်အားပိုလှတယ်
စိုးပါနဲ့ကွယ်မေရယ်
စိုးပါနဲ့ကွယ်မေရယ်
ညာလက်ရုံးနဲ့မောင်ကြီးလုပ်ကျွေးမယ်
မိုးကျရင်ပျိုးချမယ်
ယာချိန်တန်ယာထွန်မယ်
လယ်ထွန်တုန်းနဲ့
လယ်ခင်းယာခင်ဆင်းလို့ရယ်
လုပ်အားတွေ မနှေးပေးပါ့မယ်
ဒါမှသာလူသားတွေ အသက်နဲ့ခန္ဓာ
စည်းစိမ်ချမ်းသာသုခပြည့်ကြမယ်
ဒီလိုဆိုပြန်တော့ မောင်ကြီး
သဘောထားမြင့်မြတ်ပါလှတယ်
စိတ်စေတနာ သေချာတွေးမိပြီကွယ်
တောသူတောင်သားလယ်သမားတို့
ဂုဏ်ယူထိုက်စရာကောင်းလှတယ်
ဂုဏ်ယူထိုက်စရာကောင်းလှတယ်
ကိုင်းကျွန်းလယ်မြေရိုးရာဓလေ့ကိုခင်တွယ်
ကျေးဇူးရှင်မောင်ကြီးတို့နဲ့
အတူတွဲကာပဲ မနှေးတမ်းကွယ်နွှဲလို့ရယ်
လယ်မြေယာမြေဖြာဝေဆန်းအောင်
ထမ်းဆောင်မယ်
ယောကျ်ားကောင်းပီသတဲ့ မောင်ကြီးကိုကွယ်
ဆထက်ထမ်းပိုးတိုးလို့ချစ်မယ်ကွယ်
မောင်ခေါ်ရာလိုက်ခဲ့တော့ကွယ်
ရွှေမြို့သူလေးရယ်
ဌာနေကိုအောင်မေ့လို့ဖြင့်
မောင်ကြီးပြန်တော့မယ်
ဘယ်မကွာဘုန်းသက်ပိုင်ရယ်
ဆုံးသက်တိုင်ကွယ်
ရိုးမြေကျအောင်ပဲ
မောင်လဲမေ့ကိုကြင်နာမယ်
လိုက်ခဲ့ပါ့မောင်ကြီးနှမရယ်
သေအတူရှင်မကွာ
သစ္စာမေတ္တာပွားလို့ချစ်ပါ့မယ်
မောင်ခေါ်ရာလိုက်ခဲ့တော့မယ်
ယုံတော့မောင်ကြီးရယ်
စေတနာရိုးသားလွန်းတော့
ချစ်အမွှန်းတင်ရမယ်
ဘယ်မကွာဆုံးသက်တိုင်ရွယ်
ပျို့သက်ပိုင်ရယ်
ရိုးမြေကျအောင်ပဲ
မေလဲမောင့်ကိုကြင်နာမယ်
လိုက်ခဲ့မယ်မောင်ကြီးနဲ့ကွယ်
သေအတူရှင်မကွာ
သစ္စာမေတ္တာပွားလို့ချစ်ပါ့မယ်