menu-iconlogo
huatong
huatong
avatar

Hint Lay Ngar Chout Sal

Sai Sai Kham Lenghuatong
pinonerhuatong
Testi
Registrazioni
နောက်ဆုံးတော့ ငါရဲ့ဘဝက နောက်ဆုံးတော့မင်းရင်ခွင်

နောက်ဆုံးသော ငါရဲ့အချစ်အတွက်တစ်ယောက်တည်းသောဖူးစာရှင်

အရာရာအမြဲတမ်းနောက်ကျပြီးတော့ အထီးကျန်နေတဲ့ဘဝတစ်ခု

မီးလျှံထဲကနိုးထရအောင် အသိဉာဏ်နဲ့ စေစားသူ

ဘဝတွေက အနေအထားမတူပေမယ့် ဘယ်တော့မှပစ်ချမသွားဘူး

မင်းကငါ့အတွက် သစ္စာထားသူ မင်းကကောင်းကင်ကကြွေကျသူ

အမှောင်ထုထဲကအလင်းတစ်ခုပေါ့ မင်းရဲ့ ချိုမြိန်တဲ့အချစ်

ကန္တာရလို ငါ့ရဲ့ဘဝအတွက် အေးမြတဲ့ Oasis

မင်းသိတဲ့အတိုင်းပါပဲ အကုန်လုံးတော့မပြည့်စုံဘူးပေါ့

ဒါပေမဲ့ နှစ်ယောက်အတူတွဲ စွန့်စားမယ်အတွေ့အကြုံတစ်ခုနော်

လူတွေက တွေ့ဆုံကြုံကွဲ လောကရဲ့နိယာမသဘော

နောင်လာမယ် ရတုအဆက်ဆက် ငါ့ရဲ့ အနားမင်း ရှိမှာလားပြော

ငါဒီမှာမင်းနန္ဒာပေါ့ ရှင်မွေ့နွန်း မင်းဆန္ဒရော

ဒါမှမဟုတ်ပုံပြင်ထဲက ခွန်ဆမ်လောနဲ့ နန်းဦးပျင်နော်

ဂန္ထဝင်မြောက်အချစ်တွေလို မျိုး ငါတို့ရဲ့ အမှတ်တရတွေပေါ့

ဆိုခဲစေမြဲစေ မင်းနဲ့ငါလက်ထပ်ပါရစေတော့

ဟေး ဘာဖြစ်ဖြစ်ချစ်မယ်

နှစ်လေးငါးခြောက်ဆယ်

အမြဲတမ်းအတူတူနေမယ် ဘဝတစ်သက်စာလက်တွဲ

နင်အဝေးထွက်မသွားနဲ့

ငါထွေးဖက်ထားမယ်

ငါ့ပခုံးဦးထက်မှာ မှေးစက်ပါအချစ်ရယ်

နှစ်လေးငါးခြောက်ဆယ် ဘာမှ အချစ်တွေးကာမကြောက်နဲ့

စိုးရိမ်သောက ဗျာပါဒတွေ မင်းရဲ့ အဝေးမှာ ပျောက်ကွယ်

ရှေ့ရေးကိုတွေးပြီး စိတ်တွေ တထစ်လေးမှမင်းမလျှော့နဲ့

ငါကမင်းအလိုမကျလို့ စိတ်ကောက်တိုင်းလည်း ဆံပင်လေးဖွရင်းချော့မယ်

ဘဝဆိုတာ ကြိုဖတ်ခွင့်မရတဲ့ ပြဌာန်းပြီးသားစာအုပ်တဲ့

အချစ်ဆိုတာ ဒီစာအုပ်ထဲမှာ ကိုယ်တိုင်ရေးရမယ့် ကဗျာတစ်ပုဒ်ပဲ

နေ့ရက်တိုင်းက အထိမ်းအမှတ်ပဲပေါ့ ရက်စွဲတွေလည်းအတိအကျနော်

လက်တွေ့ကရုပ်ရှင်မဟုတ်တော့ အခက်အခဲတွေလည်းရှိမှာပေါ့

တစ်ယောက်လဲရင် တစ်ယောက်ထူပြီးတွဲ ဆက်လျှောက်မယ် ဒီခရီးကို

မှောင်မိုက်တဲ့ သမုဒ္ဒရာကြီးထဲ မင်းငါ့ရဲ့ နတ်သမီးလို

မင်းလက်ကို ဆုပ်ကိုင်ထားရင် လောကကြီးကို ဘာမထီလို့

မင်းအတွက်အမြဲရှင်သန်နေမယ့် မီးတောက်ထဲက ဇာမဏီလို

မာန်မာနမလိုအပ်ဘူး ဘာအတွက်မှ သံသယမဆို

ဘဝတစ်ခုလုံးတာဝန်ယူပြီး စောင့်ရှောက်မယ် သယံဇာတလို

ဦးဆွေးဆံမြည့်ပါပဲ ဘယ်တော့မှ မဝေးဘူးငါတို့

မင်းပေးတဲ့ အချစ်တွေနဲ့ အရာရာတိုင်းအတွက် ကျေးဇူးပါလို့

ဟေး ဘာဖြစ်ဖြစ်ချစ်မယ်

နှစ်လေးငါးခြောက်ဆယ်

အမြဲတမ်းအတူတူနေမယ် ဘဝတစ်သက်စာလက်တွဲ

နင်အဝေးထွက်မသွားနဲ့

ငါထွေးဖက်ထားမယ်

ငါ့ပခုံးဦးထက်မှာ မှေးစက်ပါအချစ်ရယ်

Na na na, na na na, na na, na na na

Na na na, na na na, na na, na na na

Na na na, na na na, na na, na na na

I, I, I freaking love you

Na na na, na na na, na na, na na na

Na na na, na na na, na na, na na na

Na na na, na na na, na na, na na na

I, I, I freaking love you

And I love you more, And I love you more,

And I love you more and more and

more and more each day

And I love you more, And I love you more,

And I love you more and more and

more and more each day

ဟေး ဘာဖြစ်ဖြစ်ချစ်မယ်

နှစ်လေးငါးခြောက်ဆယ်

အမြဲတမ်းအတူတူနေမယ် ဘဝတစ်သက်စာလက်တွဲ

နင်အဝေးထွက်မသွားနဲ့

ငါထွေးဖက်ထားမယ်

ငါ့ပခုံးဦးထက်မှာ မှေးစက်ပါအချစ်ရယ်

ဒီနေ့ကစပြီး

နောက်နှစ်တွေအများကြီး အများကြီးအထိ

နောက်ဆုံးထွက်သက်ရောက်တဲ့အထိ

ငါမင်းရင်ခွင်မှာပဲ အိပ်စက်ချင်တာ

တကယ်ပါ

I freaking love you

Altro da Sai Sai Kham Leng

Guarda Tuttologo

Potrebbe piacerti