menu-iconlogo
huatong
huatong
avatar

အချစ်ဆုံးရင်သွေးငယ်

Sai Saing Mawhuatong
kohmcordonhuatong
Testi
Registrazioni
သီချင်း - အချစ်ဆုံးရင်သွေးငယ်

တေးဆို - စိုင်းဆိုင်မောဝ်

ချစ်ရတဲ့ရင်သွေးငယ်ရယ်

ကျောခိုင်းလို့တစ်နယ်ခြားရပ်မှာ

အမိမြေကိုမင်းမေ့နေပြီလား ကလးရေ

တစ်ပါးသူရဲ့စကားနဲ့ သူတို့အဝတ်အစားကို

ဝတ်ဆင်ခုံမင်ခြင်းဟာ ဒေါင်းယောင်ဆောင်သော

ကျီးကန်းလို တစ်နေ့ကျရင်တော့ အရှက်ကွဲရမယ်နော်

အိုး...ရှမ်းအမျိုးရင်သွေးငယ်

သိပ်ချစ်ရချည်ရဲ့ကလေးရယ်

ပြောပါကွယ်ရိုးရာစကားကို

မမေ့ပါနဲ့ယဉ်ကျေးမှုကိုနော်

အဖေမှာချင်တယ် ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထား

ပန်းရိုင်းတစ်ပွင့်လိုဆင်မြန်ထား

ရှုပ်ပွေတဲ့လောကကြီးအလယ်မှာ

အမြဲသတိထားနေသင့်တယ်

နေ့ရက်တွေကြာညောင်းလှပြီ

တစ်ခါက်လောက်တောင် ပြန်လှည့်မကြည့်ပါ

အဖေ့ရင်မှာလွမ်းလို့နေပါပြီ ကလေးရေ

နေ့စဉ်မျှော်တွေးလို့ ပြန်လာမဲ့လမ်းခရီးမှာ

စောင့်မျော်နေသူအဖေ့ကို သတိရရဲ့လားမေးစမ်းချင်

မွေးရပ်မြေကိုပြန်ခဲ့ဦးမှာလား

အိုး ... ရှမ်းအမျိုးရင်သွေးငယ်

သိပ်ချစ်ရချည်ရဲ့ကလေးရယ်

ပြောပါကွယ်ရိုးရာစကားကို

မမေ့ပါနဲ့ယဉ်ကျေးမှုကိုနော်

အဖေမှာချင်တယ် ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထား

ပန်းရိုင်းတစ်ပွင့်လိုဆင်မြန်ထား

ရှုပ်ပွေတဲ့လောကကြီးအလယ်မှာ

အမြဲသတိထားနေသင့်တယ်

မင်းလေးရဲ့စကားသံနဲ့ မင်းလေးရဲ့အပြုံးမျက်နှာ

ကြားမြင်ယောင်အသဲထဲမှာ ကျန်နေဆဲပဲ

မင်းဘယ်ဆီအရပ်က သူများမေးတဲ့အခါ

မင်းရဲ့ရင်မှာအနေခက်ပြီ အဖေ့ရဲ့ရင်လည်းကျိုးရချည်

မွေးရပ်ဆီကိုပြန်လှမ်းခဲ့ပါတော့

စွန့်ပစ်ထားတဲ့စကားကိုပြန်ပြောပါ

ချွတ်ပစ်ထားတဲ့အဝတ်ကိုပြန်ဝတ်ပါ

ကျောက်မြတ်ရတနာထက် တန်ဖိုးကြီးတယ်

သင်ဟာလေရှမ်းရဲ့ရင်သွေး...မေ့လို့မရပါ

ဘယ်တော့မှပြန်လာခဲ့မှာလဲ

ဘယ်အချိန်ဘယ်အခါ ကိုယ့်ရဲ့စကားကိုပြန်ပြောမှာလဲ

ဘယ်အချိန်ဘယ်အခါကိုယ့်အဝတ်အစားကိုပြန်ဝတ်တော့မှာလဲ

အိုအချစ်ဆုံး.. ရှမ်းပြည်ရင်သွေးကွယ်

အိုး ...ရှမ်းအမျိုးရင်သွေးငယ်

သိပ်ချစ်ရချည်ရဲ့ကလေးရယ်

ပြောပါကွယ်ရိုးရာစကားကို

မမေ့ပါနဲ့ယဉ်ကျေးမှုကိုနော်

အဖေမှာချင်တယ် ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထား

ပန်းရိုင်းတစ်ပွင့်လိုဆင်မြန်ထား

ရှုပ်ပွေတဲ့လောကကြီးအလယ်မှာ

အမြဲသတိထားနေသင့်တယ်

Altro da Sai Saing Maw

Guarda Tuttologo