Mask
တေးဆို:Mary
Up.Shine:√
ဒီတစ်ခုတော့ဖြေပါ
ရင်ဘတ်ထဲမှာ နင်အချစ်ရှိသေးလား
မပြတ်တဲ့သံယောဇဉ်
အမျှင်လေးကြောင့်မို့ ငါရင်ကိုခွဲဖို့ဝန်လေးဆဲလား
ဒီထိုးနှက်ချက်များ
ပူလောင်ကာနေတဲ့ ကြိုးဝိုင်းထဲမှာ
ဒဏ်ရာများနဲ့ တစ်ယောက်ဆီ
နားကြည်းချက်များသည် တွယ်ငြိဖို့ကျန်သေးရဲ့လား
အချစ်တို့ကင်းမဲ့တဲ့ ကမ္ဘာ
နှလုံးသားချင်း ဆက်သွယ်မရ
နှုတ်ဖျားကချစ်တယ် ပြောပေမယ့်
မင်းလုပ်ရက်တွေ သက်သေပဲ
ငါ့ဘက်ငဲ့လို့ တစ်ချက်ကိုမကြည့်
ငါ့ဘက်ကနေ တစ်စက်မှမရှိ
သိမ်းသင့်တဲ့ ဇာတ်ထုတ်ကြီး
ပေးဆပ်ရတာ စိတ်ကုန်ပြီ
ချောင်မှာ ငါဟာထွက်ပေါက်မဲ့
အကျဉ်းသားဘဝကို အဆုံးသတ်ပြီ
I'm breaking free
ငါအပြစ်လုပ်မိလား
ချည်တဲ့ကြိုးတွေက တင်းလွန်းခဲ့လား
ချောင်ထိုးလိုရတဲ့ ကော်ပတ်ရုတ်လေးလို
တန်ဖိုးများမဲ့သွားပြီလား
ဒီတစ်ခုတော့ဖြေပါ
ရင်ဘတ်ထဲမှာ နင်အချစ်ရှိသေးလား
ဖန်တီးဖို့ခက်တယ် ပျက်ဆီဖို့သိပ်လွယ်
မျက်နှာဖုံးများ ကွာကျလို့သွား
နှုတ်ဖျားကချစ်တယ် ပြောပေမယ့်
မင်းလုပ်ရက်တွေ သက်သေပဲ
ငါ့ဘက်ငဲ့လို့ တစ်ချက်ကိုမကြည့်
ငါ့ဘက်ကနေ တစ်စက်မှမရှိ
သိမ်းသင့်တဲ့ ဇာတ်ထုတ်ကြီး
ပေးဆပ်ရတာ စိတ်ကုန်ပြီ
ချောင်မှာ ငါဟာထွက်ပေါက်မဲ့
အကျဉ်းသားဘဝကို အဆုံးသတ်ပြီ
I'm breaking free
နှုတ်ဖျားကချစ်တယ် ပြောပေမယ့်
မင်းလုပ်ရက်တွေ သက်သေပဲ
ငါ့ဘက်ငဲ့လို့ တစ်ချက်ကိုမကြည့်
ငါ့ဘက်ကနေ တစ်စက်မှမရှိ
သိမ်းသင့်တဲ့ ဇာတ်ထုတ်ကြီး
ပေးဆပ်ရတာ စိတ်ကုန်ပြီ
ချောင်မှာ ငါဟာထွက်ပေါက်မဲ့
အကျဉ်းသားဘဝကို အဆုံးသတ်ပြီ
မျက်နှာဖုံးများ ဝတ်လို့ထားတယ်
မျက်နှာဖုံးများ ကျွတ်လို့သွားတယ်
မျက်နှာဖုံးတို့ အပြုံးနောက်ကွယ်
နင်ဘာတွေများ ဖုံးထားနေလဲ
မျက်နှာဖုံးများ ဝတ်လို့ထားတယ်
မျက်နှာဖုံးများ ကျွတ်လို့သွားတယ်
မျက်နှာဖုံးတို့ အပြုံးနောက်ကွယ်
နင်ဘာတွေများ ဖုံးထားနေလဲ
နောက်ဆုံးတစ်ခုဖြေပါ
ရင်ဘတ်ထဲမှာ နင်အချစ်ရှိရဲ့လား
Thank you