အထွေးဆုံးသား
intro
1
2
3
Go
နွေးထွေးလှတဲ့မိဘအရိပ်မှာ ကျွန်တော်လေနေထိုင်ရင်း
ထွေးဆုံးသားမို့သိပ်ချစ်သတဲ့ ဘာမှမခိုင်းဘူးလိုလိုက်ထားတယ်
တော်ပါပြီအမေ..သားတစ်ယောက်ရှက်လှပြီ...
ကြမ်းတမ်းလှတဲ့လူ့ဘဝခရီးကို ကျွန်တော်လေရင်ဆိုင်မှာ
မိသားစုအတွက်ရှေ့ကရပ်မယ်
အဖေလည်းနားတော့ပင်ပန်းလှပြီ
ဒီတာဝန်တွေ ...သားပခုံးထမ်းပါရစေ...
အဖေ...အဖေ့ရဲ့အားမာန်တွေ...
ငယ်စဥ်အခါလိုမသန်မြန်တော့ဘူး..
အမေ...အမေ့ရဲ့လက်တွေလည်း..
တုန်ရီနေပြီသားသတိထားမိတယ်...
intro
1
2
3
Go
တောင်တန်းကြီးလို့...သတ်မှတ်ထားတယ်
အဖေတောင်အိုပြီပဲ့
ငါ့သားကြီးမှအားကိုးရမယ်..
ပြောတဲ့အမေ့ရဲ့အသက်ကခြောက်ဆယ်..
တာဝန်ကျေပြီ..သူရဲကောင်းကြီးတွေ
အဖေ့ရဲ့ချွေးဖိုးအမေ့နို့ဖိုးတွေ..အကုန်စင်မကျေတောင်မှ..
ကြိုးစားပီးတော့ဆပ်ပါ့မယ်..
အဝေးရောက်သားလေးကန်တော့လိုက်တယ်..
ကျေပါစေလေ..သားမိုက်ရဲ့အပြစ်တွေ..
အဖေ...အဖေ့ရဲ့အားမာန်တွေ...
ငယ်စဥ်အခါလိုမသန်မြန်တော့ဘူး..
အမေ...အမေ့ရဲ့လက်တွေလည်း..
တုန်ရီနေပြီသားသတိထားမိတယ်...
အဖေ...အဖေ့ရဲ့အားမာန်တွေ...
ငယ်စဥ်အခါလိုမသန်မြန်တော့ဘူး..
အမေ...အမေ့ရဲ့လက်တွေလည်း..
တုန်ရီနေပြီသားသတိထားမိတယ်...
ပြီးပါပြီ
နတ်စိသားလေး (.Oo.Oo.Phyo)