အချစ်နဲ့အတူ(Uni)
ကောင်းကောင်း
ဝိုး...ဝိုး..ဝိုး..ဟို..
အချစ်ခရီးလမ်းတစ်ဖက်က အမုန်းရဲ့ခြေသံ
လှောင်ရယ်ကာ ခါးသီးခြင်းတွေကိုယ့်အနားမှာ
လိုအပ်တာ ချစ်သူကိုယ့်အနား
အားပေးမှုတွေပါ...
မဝေးတော့တဲ့ခရီးအတွက် လမ်းပြနေသူ
ယုံကြည်ပါမင်းအချစ်တစ်ခုသာ တန်ဖိုးထား
ကိုယ့်အနားမှာ မင်းထွက်သွားရင်
ကိုယ်ရူးသွပ် သွားမှာပဲ..ဟေ
နေမင်းကြီးမရှိရင် မတောက်ပတော့တဲ့လအဖြစ်မျိုး
မနေနိုင်ဘူး မင်းလေးမရှိတဲ့ဒီဘဝထဲ
နေ့တို့ပြောင်းနေပါစေ
ဘဝတို့ဟောင်းနေပါစေ
ပြောင်းလဲမသွားပါ ကိုယ့်အချစ်များ
တန်ဖိုးထားပါ့မယ် အချစ်ရဲ့အနားကမေတ္တာတွေ
မမြင်နိုင်တဲ့ရှေ့ခရီးလမ်းအတွက် အဖော်မွန်ပဲ
ရူးသွပ်တဲ့ခြေသံတွေ အတားဆီးရှိနေပါစေ
ခရီးလမ်းကြမ်းပါစေ အချစ်နဲ့အတူ
ဖြတ်ကျော်မယ် ဝိုး..ဝိုး..ဟို..
အရိုးသားဆုံးအချစ်နဲ့ ချစ်ခဲ့ပါတယ်
နာရီသံတရွေ့ရွေနဲ့ အချိန်လွန်သွားပါစေ
တစ်ပွင့်ထဲသာ အမြစ်တွယ်စေမယ့်
ကိုယ့်ရဲ့အချစ်ပါကွယ်...
ဘဝဆူးခရီးလမ်းလေးထဲ ဖြတ်လျှောက်ရလည်း
ကြင်နာသူမင်းအချစ်တစ်ခုဟာ အင်အားပဲ
အတူမနီးခင် ထားရှိရမယ်
တို့အချစ် သစ္စာရယ်..ဟေ
နေမင်းကြီးမရှိရင် မတောက်ပတော့တဲ့လအဖြစ်မျိုး
မနေနိုင်ဘူး မင်းမရှိတဲ့ဒီဘဝထဲ
နေ့တို့ပြောင်းနေပါစေ
ဘဝတို့ဟောင်းနေပါစေ
ပြောင်းလဲမသွားပါ ကိုယ့်အချစ်များ
တန်ဖိုးထားပါ့မယ် အချစ်ရဲ့အနားကမေတ္တာတွေ
မနေနိုင်တဲ့ ရှေ့ခရီးလမ်းကြမ်းအဖော်မွန်ပဲ
ရူးသွပ်တဲ့ခြေသံတွေ အတားဆီးရှိနေပါစေ
ခရီးလမ်းကြမ်းပါစေ အချစ်နဲ့အတူ
ဖြတ်ကျော်မယ်..ဟေ
နေမင်းကြီးမရှိရင် မတောက်ပတော့တဲ့လအဖြစ်မျိုး
မနေနိုင်ဘူး မင်းလေးမရှိတဲ့ဒီဘဝထဲ
နေ့တို့ပြောင်းနေပါစေ
ဘဝတို့ဟောင်းနေပါစေ
ပြောင်းလဲမသွားပါ ကိုယ့်အချစ်များ
တန်ဖိုးထားပါ့မယ် အချစ်ရဲ့အနားကမေတ္တာတွေ
မနေနိုင်တဲ့ရှေ့ခရီးလမ်းကြမ်း အဖော်မွန်ပဲ
ရူးသွပ်တဲ့ခြေသံတွေ အတားဆီးရှိနေပါစေ
ခရီးလမ်းကြမ်းပါစေ အချစ်နဲ့အတူ
ဖြတ်ကျော်မယ် ဝိုး..ဝိုး..ဟို..