ခုနှစ်ပြည်ထောင်
ခင်ဝမ်း
Introး
Uploder Aye Kyaw
ခုနှစ်ပြည်ထောင်မင်းအပေါင်း
စောင့်  စားတဲ့အခွင့် ကြုံ
သူ့  ထက်သူ သာအောင်ကြိုးစားကာ
မင်းတစ်ယောက်ရဲ့  အချစ်အတွက်
အစွမ်းပြ ပြိုင်ဆိုင်နေရာ
သာမန်လူတစ်ယောက်ပေမို့ 
ပရိတ်သတ်အဖြစ်နဲ့  ကိုယ်ရောက်လာ
ဘယ်သူဆွတ်ခူးမလဲ
အချစ်အတွက်ပြိုင်ဆိုင်
ထိုက်တန်သူ ယူငင်သိမ်းပိုက်ရာ
မင်းတစ်ယောက်ကို ရရှိဖို့ 
ကြိုးစားတဲ့  ပွဲသဘင်မှာ
မဆိုင်သူတစ်ယောက်ပမာ
ပရိတ်သတ်ထဲက ကိုယ်ကြည့်  နေ
အားငယ်ကာ ဝမ်းနည်းရင်းနဲ့ 
လွတ်လပ်ဆဲ မင်းရဲ့  အလှကို
မျှော်ငေးခွင့်  တစ်ခုသာ
နောက်ဆုံးပေါ့  လေ
တစ်ပါးသူ မပိုင်ဆိုင်ခင်
ခုနှစ်ပြည်ထောင် မင်းတို့  ရဲ့  ပွဲမှာ
MUSIC
နိုင်သူယူသွားလည်း
ထာဝရမြတ်နိုးနေ
ကိုယ့်  တစ်သက်မှာ ဒီတစ်ခွင့်  ရှိနေမယ်
မင်းတစ်ယောက်ကို သိမ်းပိုက်ဖို့ 
အစွမ်းပြ ပြိုင်ဆိုင်နေရာ
အစဉ်လာရဲ့  သားကောင်မှာ
မပြောပိုင်သူအဖြစ် ရောက်ရှိနေ
အားငယ်ကာ ဝမ်းနည်းရင်းနဲ့ 
လွတ်လပ်ဆဲ မင်းရဲ့  အလှကို
မျှော်ငေးခွင့်  တစ်ခုသာ
နောက်ဆုံးပေါ့  လေ
တစ်ပါးသူ မပိုင်ဆိုင်ခင်
ခုနှစ်ပြည်ထောင် မင်းတို့  ရဲ့  ပွဲမှာ
တစ်ပါးသူ မပိုင်ဆိုင်ခင်
ခုနှစ်ပြည်ထောင် မင်းတို့  ရဲ့  ပွဲမှာ
တစ်ပါးသူ မပိုင်ဆိုင်ခင်
ခုနှစ်ပြည်ထောင် မင်းတို့  ရဲ့  ပွဲမှာ
By - Aye Kyaw - greentiger