menu-iconlogo
huatong
huatong
avatar

မဲဇာမြိုင်

ချိုပြုံးhuatong
ayekyaw🙇[အူအူး]huatong
歌詞
レコーディング
မဲဇာမြိုင်

ချိုပြုံး

မဲဇာမြိုင်ခြေ စီးထွေ .. ထွေ ...

အုံ့ဆိုင်းမှိုင်းဝေေ၀ ....

ငှက်မြည်သံ တွန်ကျူး .. ကာ ...

ဘာသာဘာဝ ပျော်မြူးကြပေ ...

သေလာတောင်စောင်း နှင်းငွေ့ဝေ

ညိုမှောင်ရီဆိုင်း မှိုင်းလို့နေ

မောင်ရေ ကြည်နူးဖွယ်ကောင်းတဲ့

မြစ်နဒီ သွင်သွင်စီးလို့သာ ရစ်ခွေ

သေလာတောင်စောင်း နှင်းငွေ့ဝေ

ညိုမှောင်ရီဆိုင်း မှိုင်းလို့နေ

မောင်ရေ ကြည်နူးဖွယ်ကောင်းတဲ့

မြစ်နဒီ သွင်သွင်စီးလို့သာရစ်ခွေ

ငွေသောင်ယံကမ်းခြေ

လွမ်းဖွယ်တွေ

တည့်မွန်း နေခြည်ဖြာမှ

နွေးတဲ့ မဲဇာမြိုင်တောခြေ .....

သေလာတောင်စောင်း နှင်းငွေ့ဝေ

ညိုမှောင်ရီဆိုင်း မှိုင်းလို့နေ

မောင်ရေ ကြည်နူးဖွယ်ကောင်းတဲ့

မြစ်နဒီ သွင်သွင်စီးလို့သာ ရစ်ခွေ

သေလာတောင်စောင်း နှင်းငွေ့ဝေ

ညိုမှောင်ရီဆိုင်း မှိုင်းလို့နေ

မောင်ရေ ကြည်နူးဖွယ်ကောင်းတဲ့

မြစ်နဒီသွင်သွင်စီးလို့သာ ရစ်ခွေ

ငွေသောင်ယံကမ်းခြေ

လွမ်းဖွယ်တွေ

တည့်မွန်း နေခြည်ဖြာမှ

နွေးတဲ့ မဲဇာမြိုင်တောခြေ .....

လှိုင်ဂူနန်းနဲ့ စိမ့်စိမ်းထွေထွေ

မာလာစုံပေါတဲ့ တောဝနာဘွေ

ကံ့ကော်ပွင့်ဇော်ရင်းမျှော်တင်းဝေေ၀

လှိုင်ဂူနန်းနဲ့ စိမ့်စိမ်းထွေထွေ

မာလာစုံပေါတဲ့ တောဝနာဘွေ

ကံ့ကော်ပွင့်ဇော်ရင်းမျှော်တင်းဝေေ၀

ပန်းပိတောက်ကြူးရနံ့ ထူးပျံ့လှိုင်ပေ

သရဖီ ရွှေအင်ကြင်း ခင်းအပျံ့

ဝင်းဖန့်ဖန့် ဖြူဖွေးကာနေ

ခတ္တာ ပုန်းညက် ကြိုင်ထုံသင်းပေ

ငွေသောင်ယံကမ်းခြေ

လွမ်းဖွယ်တွေ

တည့်မွန်း နေခြည်ဖြာမှ

နွေးတဲ့ မဲဇာမြိုင်တောခြေ .....

ပဒုမ္မာရွှေကြာ

ကုဏ္ဍလာအိုင်မင်းတွေ

ငှက်ဇာမဏီ ဒေါင်းအိုးဝေ

အော်မြည်ကာ ပျံသန်းလို့နေ

ပဒုမ္မာရွှေကြာ

ကုဏ္ဍလာအိုင်မင်းတွေ

ငှက်ဇာမဏီ ဒေါင်းအိုးဝေ

အော်မြည်ကာ ပျံသန်းလို့နေ

ရွှေငါးကြင်းနဲ့ ငါးတန်တွေ

ရေဇလာ အတွင်းမှာ

လူးလာ ပျော်ရွှင် မြူးကြပေ ...

ငွေသောင်ယံကမ်းခြေ

လွမ်းဖွယ်တွေ

တည့်မွန်းနေခြည်ဖြာမှ

နွေးတဲ့ မဲဇာမြိုင်တောခြေ .....

ချိုပြုံးの他の作品

総て見るlogo