menu-iconlogo
huatong
huatong
avatar

စင်တော်ကောက်

ဂရေဟန်huatong
💠𝒀𝑬`𝑵𝒂𝒊𝒏𝒈𓅂🌾ᎰᏅ💠huatong
歌詞
レコーディング
စင်တော်ကောက်

ရေး ညီညီသွင်

ဆို ဂရေဟမ်

တန်ဖိုးကြီးကြီး ထားပြီး

အဆင်း မလှတဲ့ပန်းကို

သနားစိတ်နဲ့

ရွေးချယ်မိတယ်

ကိုယ်ခူးဖို့

လက်ပြင်စဉ်မှာ

တစ်စုံမကတဲ့

လက်အစုံတွေဟာ

ကိုယ်ရွေးထားတဲ့

ပန်းဆီကို

အလုအယက်လာ

ရနံ့အဆင်းနဲ့ ပြည့်ဝတဲ့

ပန်းကလေးတွေကြားမှာ

မိန်းမောခဲ့ကြသူ

တစ်စုတို့ဟာ

ဘယ်အတွက်ကြောင့်

အခုချိန်ခါမှ

စိတ်လွဲမှား

ဖောက်ပြန်ပြီလား

ကိုယ်တို့ရဲ့ ကြားကို

အနှောက်အယှက်

အဖြစ်ဝင်လာ

လွန်ကျူးသော သူတို့ရဲ့

လက်တွေကြား

တတ်ကျွမ်းသော

သူတို့ရဲ့ လက်တွေကြား

မစောင့်စည်းသော

လက်များကြားမှာ

ပန်းကလေး

ကြွေမှာလား

ထိန်းသိမ်း ထားခဲ့တဲ့

ကိုယ့်သိက္ခာ တစ်ခုဟာ

ချစ်ရတဲ့ ပန်းငယ်

မင်းကြောင့်သာ

သူတို့ရဲ့ အနင်းခံ

ဖြစ်သွား

ခံရအခက်ဆုံး

ရယ်သံများ

ကိုယ်အသည်း

အောက်ခြေထိတိုင်အောင်

ထွင်းဖောက်ကာ

ကိုယ်အကြွင်းမဲ့

စိတ်ချခဲ့

ချစ်ရတဲ့ ပန်းဟာ

ကိုယ့် တစ်ယောက်တည်း

အတွက်သာ

ဖြစ်လိမ့်မှာ

ကိုယ်အားခဲ

ကြွေးကြော်လေသမျှ

ပျက်စီးလို့ တစ်စစီကြွေမွ

သူတို့ဘက် ရှိရာ

ပန်းကလေး

တိမ်းညွှတ်သွား

လွန်ကျူးသော

သူတို့ရဲ့

လက်တွေကြား

တတ်ကျွမ်းသော

သူတို့ရဲ့ လက်တွေကြား

မစောင့်စည်းသော

လက်များကြားမှာ

ပန်းကလေး

ကြွေမှာလား

ကိုယ်အကြွင်းမဲ့

စိတ်ချခဲ့

ချစ်ရတဲ့ ပန်းဟာ

ကိုယ့် တစ်ယောက်တည်း

အတွက်သာ

ဖြစ်လိမ့်မှာ

ကိုယ်အားခဲ

ကြွေးကြော်လေသမျှ

ပျက်စီးလို့

တစ်စစီကြွေမွ

သူတို့ဘက် ရှိရာ

ပန်းကလေး

တိမ်းညွှတ်သွား

လွန်ကျူးသော

သူတို့ရဲ့ လက်တွေကြား

တတ်ကျွမ်းသော

သူတို့ရဲ့ လက်တွေကြား

မစောင့်စည်းသော

လက်များကြားမှာ

ပန်းကလေး ကြွေမှာလား

မစောင့်စည်းသော

လက်များကြားမှာ

ပန်းကလေး ကြွေပြီလား။ ။

ပြီးပါပြီ

ဂရေဟန်の他の作品

総て見るlogo