တို့တောင်ပေါ်မြေ
ရေး/ဆလိုင်းအောင်လောဟာ
ဆို/Jewel ဂျူဝယ်လ်
1 တောင်ပေါ်မြေ ချယ်ရီဝေ
တောင်ဇလပ်ပန်းများ ဖူးပွင့်နေ
ရှုတိုင်းယဉ် တောင်တန်းများဆီမှာလေ
2 လာပါအဆွေ မြင်စေချင်
တောင်ပေါ်ချင်းများရဲ့ ဓလေ့တွေ
ဒို့ရိုးရာ လွယ်ပလိုင်းအလှကိုယ်စီလေ
1 တောင်ပေါ်တေး သီချင်းသံလေး
တစ်ခါလောက်သံပြိုင် ဆိုကြမယ်
ချင်းစကားနဲ့ "နရန်းနော်"
နှုတ်ဆက်မယ်လေ..
2 တောင်ပေါ်ချင်း ရိုးရာဓလေ့
နှစ်ယောက်တွဲတူယှဉ် ကအုံးမယ်
ချစ်မိတ်ဆွေ
အလည်လိုက်ဖို့ဖိတ်ခေါ်မယ်..
2 တောင်ပေါ်မြေ ချယ်ရီဝေ
တောင်ဇလပ်ပန်းများ ဖူးပွင့်နေ
ရှုတိုင်းယဉ် တောင်တန်းများဆီမှာလေ
1 လာပါအဆွေ မြင်စေချင်
တောင်ပေါ်ချင်းများရဲ့ ဓလေ့တွေ
ဒို့ရိုးရာ လွယ်ပလိုင်းအလှ ကိုယ်စီလေ
2 တောင်ပေါ်တေး သီချင်းသံလေး
တစ်ခါလောက်သံပြိုင် ဆိုကြမယ်
ချင်းစကားနဲ့ "နရန်းနော်"
နှုတ်ဆက်မယ်လေ
1 တောင်ပေါ်ချင်း ရိုးရာဓလေ့
နှစ်ယောက်တွဲတူယှဉ် ကအုံးမယ်
ချစ်မိတ်ဆွေ
အလည်လိုက်ဖို့ဖိတ်ခေါ်မယ်..
1 တောင်ပေါ်တေး သီချင်းသံလေး
တစ်ခါလောက်သံပြိုင် ဆိုကြမယ်
ချင်းစကားနဲ့ "နရန်းနော်"
နှုတ်ဆက်မယ်လေ..
2 တောင်ပေါ်ချင်း ရိုးရာဓလေ့
နှစ်ယောက်တွဲတူယှဉ် ကအုံးမယ်
ချစ်မိတ်ဆွေ
အလည်လိုက်ဖို့ဖိတ်ခေါ်မယ်..
1 ချစ်မိတ်ဆွေ
အလည်လိုက်ဖို့ဖိတ်ခေါ်မယ်..
2 ချစ်မိတ်ဆွေ
အလည်လိုက်ဖို့ဖိတ်ခေါ်မယ်..
ချမ်းမြေ့ပါစေ