menu-iconlogo
huatong
huatong
avatar

မောင့်အရိုင်းပန်း

စိုင်းထီးဆိုင်huatong
🌟ayekyaw🌟🙇[အူအူး]huatong
歌詞
レコーディング
မောင့်အရိုင်းပန်း

စိုင်းထီးဆိုင်

ညှာတာမှုကင်းမဲ့လှစွာ လေပွေသရမ်းတွေ

အမှတ်မထင်ပဲ တိုက်ခိုက်ရက်စက်လာ

နုနယ်တဲ့ မောင့်အရိုင်းပန်း

အသိမကြွယ်တဲ့ မောင့်တစ်ပွင့်ပန်း

အညှာမခိုင်သေးတော့ကွယ် မဖွံ့ဖြိုးခင်

မြေမှာခရရှာပြီ

စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ

အလစ်ကိုချောင်း တစ်ဖက်သားတစ်ချက်အငိုက်ကို

အပြစ်နာမဲ့ မောင့်အရိုင်းပန်း

သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း

အနီရောင်စွန်းထင်းကာ အလှမပြည့်ခင်

မြေမှာခရရှာပြီ

ကြည်လင်ကာ ပြန့်ပြူးတဲ့ရေပြင်ဟာ

ဝဲဂယက်ထန် လှုပ်ရှားသွားရပြီကော

သာယာကာအေးချမ်းတဲ့ အခြေအနေတွေ

ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ

မောင့်အရိုင်းပန်း မောင့်အသည်းပန်း

ကံဇာတာခေချိန်လား

ဝဋ်ကြွေးတွေမကုန်လို့လား

ရေတိမ်မှာနစ်မွန်းရတာ

သန်းခေါင်ယံည လမိုက်ခိုက်တောင်

မမီနိုင်ဘူးထင်

စိတ်ဆင်ရိုင်း လောကသားရဲ့အမှောင်

မေတ္တာတရား ခေါင်းပါးလွန်းနေ

ကရုဏာမဲ့ သွေးသားအလိုအတွက်

ပင်ကိုယ်အားနွဲ့သူအရှုံးနဲ့သာ

ခန္ဓာကိုယ်စတေးရရှာတယ်

သေတမန်ပြောင်းဝကို အရိုင်းပန်းငယ်

မလွန်ဆန်နိုင် ဆက်သရုံပဲ

ကြည်လင်ကာ ပြန့်ပြူးတဲ့ရေပြင်ဟာ

ဝဲဂယက်ထန် လှုပ်ရှားသွားရပြီကော

သာယာကာအေးချမ်းတဲ့ အခြေအနေတွေ

ရုတ်တရက်ကွယ် လွင့်ပါးသွားပြီပဲ

မောင့်အရိုင်းပန်း မောင့်အသည်းပန်း

ကံဇာတာခေချိန်လား

ဝဋ်ကြွေးတွေမကုန်လို့လား

ရေတိမ်မှာနစ်မွန်းရတာ

မောင့်အရိုင်းပန်း

မောင့်အသည်းပန်း

မောင့်အသည်းပန်း

မောင့်အရိုင်းပန်း

စိုင်းထီးဆိုင်の他の作品

総て見るlogo