သီချင်း : ကြွေကာပျက်စီး
တေးဆို : ထက်မွန်
ငါ့အသည်းများလည်းကွဲကာ
ကြွေကာပျက်စီးတော့
နင်လည်း တစ်ပါးသူ အချစ်မှာ
ပျော်နိုင်ပြီ ပေါ့နော်
ငါနဲ့ချစ်နေစဉ် မှာတစ်ခြားသူအကြင်နာ
ရအောင်ယူ လှည့်စားနေသူဟာ
မင်းပါပဲနော်
သူနဲ့အနမ်း များပေးတာ
ဘယ်နှစ် ကြိမ်လဲပြော
အမှန်တိုင်း ပြောပါ ကလေးရယ်
လိမ်ညာမနေနဲ့ နော်
သူကငါ့ထက်သာတယ်
အရမ်းချမ်းသာတယ် ချောလွန်းပါတယ်
ရပ်လိုက်ပါကွာ မပြောပါနဲ့တော့
နောင်ဘဝကျရင်
မင်းလိုမိန်းကလေးတွေ
တွေ့ခွင့်ရရင် နာကျင်စေချင်တယ်
ငါ့နှလုံး သားကို
နင်းချေသွားတဲ့မိန်းမလှလေးရယ်
ပျော်နေပါစေကွယ်
ရင်ခုန်နှုန်းတွေ ထူးထူးခြားခြား
ရပ်တန့်သွားအောင်နင်ဟာဖောက်ပြားခဲ့
နင့်အပြုံးလေးတွေ
တောက်တောက်ပပဖြစ်ရခဲ့ပြီ
အဆွေးများနဲ့သာ
အခန်းထဲ ကြိတ်ငိုမယ်
မင်းပြောတဲ့ ချစ်တယ်ဆိုတာ
ငါ့ဘဝအတွက်အလင်း ရောင်ခြည်ပါ
ဘယ်တော့မှ မထားခဲ့ဘူး
ဆိုပြီးတော့ ငါ့ကိုမုန်းနေပြီလား
အချစ်စစ်မှမပေး နိုင်ရင်လည်း
အစကတည်းက မပတ်သက်ပါနဲ့
အရူးမူးပဲ ချစ်ခဲ့ပြီးမှ
ငါ့ရဲ့အသည်းကို ခွဲရက်တယ်ကွာ
နင်အရမ်းမုန်းတဲ့ငါ့ကို
အသေသာသတ်သွားတော့
ငါလည်းနင့်ရဲ့ အမုန်းတွေ
မခံနိုင် တော့ဘူးနော်
ဟန်ဆောင်ပြီး ချစ်ပြနေတာ
မသိလိုက်ခင်မှာ
မချစ်မိအောင်ငါ မထိန်းနိုင် ခဲ့တော့
မျက်ဝန်းထဲ ကမျက်ရည်
မြေပေါ်ကျသွားတော့
လက်ညိုးထိုး ပြီးငါ့ကို
လှောင်ကာရယ် ပေ့ါနော်
ငါကပျော့ညံ့သူပါ မင်းရဲ့ကမ္ဘာမှာ
မထိုက်တန်သူပါအပြစ်တို့တင်ကာ
ပြောပါတော့နော်
နောင်ဘဝကျရင်မင်းလိုမိန်းကလေးတွေ
တွေ့ခွင့်ရရင် နာကျင်စေချင်တယ်
ငါ့နှလုံး သားကို
နင်းချေသွားတဲ့မိန်းမလှလေးရယ်
ပျော်နေပါစေကွယ်
ရင်ခုန်နှုန်း တွေ ထူးထူးခြားခြား
ရပ်တန့်သွားအောင်နင်ဟာဖောက်ပြားခဲ့
နင့်အပြုံးလေးတွေ
တောက်တောက်ပပဖြစ်ရခဲ့ပြီ
အဆွေးများနဲ့
အခန်းထဲ ကြိတ်ငိုမယ်
မင်းပြောတဲ့ ချစ်တယ်ဆိုတာ
ငါ့ဘဝအတွက် အလင်း ရောင်ခြည်ပါ
ဘယ်တော့မှမထားခဲ့ဘူး
ဆိုပြီးတော့ ငါ့ကိုမုန်းနေပြီလား
အချစ်စစ်မှမပေးနိုင်ရင်လည်း
အစကတည်းက မပတ်သက်ပါနဲ့
အရူးမူးပဲချစ်ခဲ့ပြီးမှငါ့ရဲ့အသဲကို
ခွဲရက်တယ်ကွာ
ငါ့အသဲများခွဲ
ငါနဲ့ချစ်နေစဉ် မှာတစ်ခြားသူအကြင်နာ
ရအောင်ယူ လှည့်စားနေသူဟာ
မင်းပါပဲနော်
သူနဲ့အနမ်း များပေးတာ
ဘယ်နှစ် ကြိမ်လဲပြော
အမှန်တိုင်း ပြောပါ ကလေးရယ်
လိမ်ညာမနေနဲ့ နော်
သူကငါ့ထက်သာတယ်
အရမ်းချမ်းသာတယ် ချောလွန်းပါတယ်
ရပ်လိုက်ပါကွာ မပြောပါနဲ့တော့
baby...