မူးရင်မချစ်နဲ့
ထွန်းရတီ
သန်းကောင်ယံ ကပွဲလေးရယ်
တကယ်ကို အရှိန်ကောင်းဆဲ
ဒီအချိန် သူအနားရောက်လာတယ်
တကယ်ကို ကောင်လေးချောတယ်
ဘာတွေလာပြောလဲ
ဆူညံနေတော့ နားမလည်
လက်တွေမြှောက် လက်တွေမြှောက်
ပြီးတော့ ခွက်တွေမြှောက်
ခွက်တွေမြှောက် ပြီးတော့
ညနက်ထဲထိ မီးရောင်အောက်
ကမယ်တစ်ခေါက် ကမယ်တစ်ခေါက်
ပြီးတော့ နားမယ်တစ်ခေါက်
နားမယ်တစ်ခေါက် ပြီးတော့
ပုခုံးထက်မှေးစက်နေ အိပ်ပျော်သွား
တစ်ခုခုတော့မှားမှား မှားနေပြီထင်တယ်
ငါ့စိတ်ကသိခဲ့လည်း
ရှားရှားပါးပါးလေး ငါ့ရင်ခုန်လာ
ဒီမှာ မင်းတစ်ယောက်တည်း
တစ်ယောက်ယောက်နဲ့ မှားမှားမှားနေပြီထင်တယ်
ငါ့ စိတ်ကသိခဲ့လည်း
အနားနားထားထား ဆွဲထားချင်လာတယ်
စိတ်တွေယိမ်းယိုင်ဆဲ
Music
တကယ်ကို နတ်ဆိုးနဲ့ကွယ်
တကယ်ကို နတ်ကောင်းနဲ့
ယှဉ်ပြိုင်စစ်ခင်း ငါ့ရင်ထဲ
တကယ်ကို ကောင်လေးချောတယ်
ဘာတွေလာပြောလဲ
ဆူညံနေတော့ နားမလည်
လက်တွေမြှောက် လက်တွေမြှောက်
ပြီးတော့ ခွက်တွေမြှောက်
ခွက်တွေမြှောက် ပြီးတော့
ညနက်ထဲထိ မီးရောင်အောက်
ကမယ်တစ်ခေါက် ကမယ်တစ်ခေါက်
ပြီးတော့ နားမယ်တစ်ခေါက်
နားမယ်တစ်ခေါက် ပြီးတော့
ပုခုံးထက်မှေးစက်နေ အိပ်ပျော်သွား
ငါ့ရဲ့ပုခုံးပေါ်အိပ်ပျော်ဆဲ
သူအထပ်ထပ်ယမ်းယောင် ရွတ်ဆိုဆဲ
မထားခဲ့ပါနဲ့ မထားခဲ့ပါနဲ့
အသည်းကို ထပ်ခါမခွဲပါနဲ့
အထပ်ထပ်ရမ်းယောင် တောင်းပန်ဆဲ
သနားလို့လာတယ် ငါသနားလို့လာခဲ့
စိတ်တွေရမ်းယောင် ဗြောင်းဆန်ဆဲ
ငါ့ရဲ့ပုခုံးပေါ် သူအိပ်ပျော်ဆဲ
အေး..အေး အေး အေ အေ အေ
တစ်ခုခုတော့မှားမှား မှားနေပြီထင်တယ်
ငါ့ စိတ်ကသိခဲ့လည်း
ရှားရှားပါးပါးလေး ငါ့ရင်ခုန်လာ
ဒီမှာ မင်းတစ်ယောက်ထဲ
တစ်ယောက်ယောက်နဲ့ မှားမှားမှားနေပြီထင်တယ်
ငါ့ စိတ်ကသိခဲ့လည်း
အနားနားထားထား
ဆွဲထားချင် လာတယ်
စိတ်တွေ ယိမ်းယိုင်ဆဲ
တစ်ခုခုတော့မှားမှား မှားနေပြီထင်လဲ
ရင်မှာ အသိခက်ခဲ့
အခေါက်ခေါက်ခေါက်သွားခဲ့
သည်အချိန်မှာ
ဘယ်နေရာဟာ သေချာသလဲ
အိုမှားမှားမှား မှားမှားမှားနေပြီထင်လဲ
အခုည ထားခဲ့မယ်
နောင်တစ်ချိန် နှလုံးသားလေးက
မင်းစကားတွေ ဆိုပါ
မူးနေတုန်း မချစ်နဲ့
By AyeKyaw greentiger