အိုး ဟိုးဟိုး ဟိုး
ဟား ဟား ဟာ အာ
နားရှိလို့ သာ ကြား
သိပ်မယုံချင်ဘူးကွယ်
ရွှေနှုတ်ခမ်းက ပြောတဲ့စကားများ
သံရည်ပူလိုလား တစ်ဖက်သား ခံစား
တစ်ဖက်နားနဲ့ ဆုံးဖြတ်သလားကွယ်
အကြောင်းမဲ့ ရက်စက်တယ်
အသည်းခွဲသွားတဲ့ ချစ်သူရယ်
ကတိတွေဖျက်ပြီလား ပြောစမ်းကွယ်
တို့ချစ်ခဲ့တဲ့ အဖြစ်အပျက်များ
အိပ်မက်တော့ မဟုတ်ခဲ့ဘူး
ချစ်ခဲ့တဲ့ တို့ရဲ့အချစ်တွေက
ရက်စက်ခြင်းနဲ့ လမ်းခွဲဖို့ လား
မင်းက မေ့လိုက်တော့လို့ ပြောပေမယ့်
မမေ့ လိုက် နိုင်ပါဘူး
အိုး ဟူ ဟို အူ အိုး
ဟား ဟား ဟာ အာ
မကြားချင် ပေမယ့်လည်း
အသည်းရက်စက်တယ်
မေ့ လိုက်တော့ လို့
တကယ်နှင်ပြီလား
မမျှော်လင့်တဲ့စကား
ရင်ထဲမှာ စို့ နင့် သွားတယ်
ဘယ်လိုမင်းပြောရက်လဲ
အသည်းခွဲသွားတဲ့ ချစ်သူရယ်
ကတိတွေဖျက်ပြီလား ပြောစမ်းကွယ်
တို့ချစ်ခဲ့တဲ့ အဖြစ်အပျက်များ
အိပ်မက်တော့ မဟုတ်ခဲ့ဘူး
ချစ်ခဲ့တဲ့ တို့ ရဲ့ အချစ်တွေက
ရက်စက်ခြင်းနဲ့ လမ်းခွဲ ဖို့ လား
မင်းက မေ့ လိုက်တော့ လို့ ပြောပေမယ့်
သေတောင် ကိုယ်မမေ့ ဘူး
ဝိုး ဟူ ဝို ဟို အိုး
ဟား ဟား ဟာ အာ
ကိုယ်သိပ်ချစ်ခဲ့တာ မသိလို့ လား
အချစ်သစ် မင်းရှာ တွေ့လို့ လား
ကြွေပြီ ကိုယ့်အသည်း ယဲ့ ယဲ့ ကလေး
တစ်စစီဖြစ်အောင်နင်းချေသွားရက်နိုင်သူလေး
ဘယ်သူ့ ကြောင့် မင်းစိတ်ပြောင်းသွားခဲ့လဲ
ဘယ်သူ့ကို မင်းက အစားထိုးသွားလဲ
အကြောင်းမဲ့ ရက်စက်တဲ့အချစ်လေး
အချစ်လေး
(မေ့ ဖို့ မပြောနဲ့)
ကိုယ့်ရဲ့ အချစ်ဆုံး
ဟိုး အိုး မင်းလေး အသိဆုံး
(မေ့ဖို့မပြောနဲ့)
ဒါတွေသေတောင်ကိုယ် မမေ့ ဘူး
ကိုယ်ကြင်နာတာ မင်းလေးအသိဆုံး
အိုး ဟို အိုး ဟူ အိုး