menu-iconlogo
huatong
huatong
avatar

ချစ်ရတစ်ရက် လွမ်း ရက်တစ်ရာ(ညီရဲထိုက်)

ဘလက်အီးဂဲလ်huatong
ကွီးကျော်🦅🅱🅴🅵🦅huatong
歌詞
レコーディング
ချစ်ရတစ်ရက် လွမ်း ရက်တစ်ရာ

ဂိုဏ်အသိုင်းရံသော

မိန်းကလေးနဲ့ဆုံစည်းရာမှ မေတ္တာဇာတ်လမ်း

စိတ်ကူးယဉ်တည်ဆောက်မိတဲ့

အိပ်မက်ဘုံလှလှလေး

လေမလာမိုးမသက် ပျက်စီးခဲ့တဲ့

အကြောင်းရင်းကိုရှာမယ်

မချစ်တတ်ချစ်တတ်နဲ့ကွယ်

အချစ်ငတ်ခဲ့လို့ရင်ထဲ မချိဖွယ်

မေတ္တာပေးတဲ့သူက ပေးပေမယ့်လည်းကွယ်

ယူတဲ့သူမယူတတ်လေတော့

ဘာနဲ့တူသလဲဆိုရင်ကွယ် မောင်ပြောပြမယ်နော်

မိုးဘယ်လိုရွာချပေမယ့်

တောင်ကုန်းထက်မှာရေမတင်သလိုပဲ ကွယ်

မောင့်မေတ္တာက တောင်ကုန်းထက်မှာ

ရွေးပြီးရွာတဲ့မိုလိုအချစ်ရယ်

အကြင်နာမင်းအပေါ်ပိုတယ်

ပပယမင်းလိုလှစေကြောင်းနဲ့

ပိတောက်နှစ်ကိုပုံထုသွန်းပေမယ့်

ယမင်းပုံအသွင်ပျက်ကာ ထက်အစွယ်မာန်ဟုန်ကြူး

ဘီလူးဖြစ်ရတဲ့ဒီအရုပ်ရယ်ကြောင့်

လက်ရာမမြောက်သူအဖြစ်နှယ်ကြုံတယ်

မောင် မှားသွားပြီးထင်ပါတယ်

ချစ်ရသည်တစ်ခဏပေမို့

ရင်မောခဲ့ရအနန္တအသင်္ချေကွယ်

မိန်းကလေးတစ်ယောက် သိအောင်ကြေညာမယ်

ချစ်ရတစ်ရက်လွမ်းရက်တစ်ရာပါကွယ်

ဪ ချစ်ရတစ်ရက်လွမ်းရက်တစ်ရာပါကွယ်

...........

မောင့်မေတ္တာက တောင်ကုန်းထက်မှာ

ရွေးပြီးရွာတဲ့မိုလိုအချစ်ရယ်

အကြင်နာမင်းအပေါ်ပိုတယ်

ပပယမင်းလိုလှစေကြောင်းနဲ့

ပိတောက်နှစ်ကိုပုံထုသွန်းပေမယ့်

ယမင်းပုံအသွင်ပျက်ကာ ထက်အစွယ်မာန်ဟုန်ကြူး

ဘီလူးဖြစ်ရတဲ့ဒီအရုပ်ရယ်ကြောင့်

လက်ရာမမြောက်သူအဖြစ်နှယ်ကြုံတယ်

မောင် မှားသွားပြီးထင်ပါတယ်

ချစ်ရသည်တစ်ခဏပေမို့

ရင်မောခဲ့ရအနန္တအသင်္ချေကွယ်

မိန်းကလေးတစ်ယောက်သိအောင် ကြေညာမယ်

ချစ်ရတစ်ရက်လွမ်းရက်တစ်ရာပါကွယ်

ဪ ချစ်ရတစ်ရက်လွမ်းရက်တစ်ရာပါကွယ်

...........

ကိုယ့်တစ်သက်လွမ်းမကုန်စရာမို့

မြို့တော်ပျက်ခန်းကြုံလာတယ်

ဒီဇာတ်မဟာကန့်လန့်ကာဖွင့်ရင်

စန္ဒသုန္ဒြီမြို့တော်ဆီသို့

အချစ်ရေရည်မျှော်မှန်းဆင့်

လွမ်းဆင့်ဆင့်ကြုံစရာပါကွယ်

ရွှေမင်းသမီးနဲ့ဥယျာဉ်မှူး

အချစ်ရည်လူးတဲ့မြကန်သာဦးဝယ်

မေတ္တာဒီသတင်း လေညင်းသယ်ဆောင်ခက်ရှာပြီတကယ်

မျိုးမတူဇာတ်ခြား

ဥယျာဉ်မှူးငမိုက်သားကိုမှ

မေတ္တာထားရော့သလားကွယ်

ဘုရင်ကြီးအမိန့်တော်ရှိတယ်

ရှုမငြီးတဲ့ သူ့သမီးတော်နဲ့ဥယျာဉ်မှူးကို

တစ်ချက်လွှတ်အမိန့်တော်သတ်စေ

အာဏာပါးကွက်သားတွေက

ဘာဆုကိုတောင်းချင်သလဲ တဲ့

(အဲ့ဒီလိုမေးကြတဲ့အခါ ချစ်သူနှစ်ဦးဟာ

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

သူတို့ရဲ့နှလုံးသွေးဟာ

စန္ဒသုန္ဒြီမြို့တော်ကြီးကိုဖုံးလွှမ်းစေတော့

တိမ်တိုက်တွေရွေ့လျားပြီး

မိုးသားအဖြစ်နဲ့မိုးရွာလာစေဦးတော့

နှလုံးသွေးကသစ္စာနဲ့

မေတ္တာစစ်တို့ကိုအခြေတည်လာခဲ့တာမို့

မြို့တော်ပျက်ထိအောင် ဖြစ်နိုင်ပါတယ်လို့

သစ္စာကို တိုင်တည် အခြေထားကြတယ်လေ)

တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ

တောတောင်ရေမြေအဆုံးနဲ့

စန္ဒသုန္ဒြီမြို့တော်တစ်ခုလုံး

နှလုံးသွေးဖုံးလွှမ်းပါစေတကယ်

ကောင်းကင်ဝဠာဗွေ တိမ်ဖြူရွေ့လျားပြန်တော့

မိုးအဖြစ်နဲ့ရွာသွန်းချိန်ကြုံတယ်

ရွှေမင်းသမီးနဲ့ ဥယျာဉ်မှူးနှလုံးသားဆီမှ

စီးဆင်းလာသောသစ္စာသွေး

မိုးရေကျပေါင်းဆုံကာတစ်သွယ်

စန္ဒသုန္ဒြီ လှပတဲ့မြို့တော်ဆီသို့

ဖြောင့်တန်းညီညာစီးဆင်းရစ်သွယ်

သည်အချိန်မှစကာ

တစ်စစနဲ့မြို့ပျက်ခန်းကြုံတယ်

မောင့်အဖြစ်လည်းဥယျာဉ်မှူးလို

ချစ်ရသည်တစ်ခဏပေမို့ ရင်မောခဲ့ရအနန္တပါကွယ်

မိန်းကလေးတစ်ယောက်သိအောင် ကြေညာမယ်

ချစ်ရတစ်ရက်လွမ်းရက်တစ်ရာပါကွယ်

ဪ ချစ်ရတစ်ရက်လွမ်းရက်တစ်ရာပါကွယ်

Upload by

ဘလက်အီးဂဲလ်(BEF)

ဘလက်အီးဂဲလ်の他の作品

総て見るlogo