အလှငှက်ငယ်
နောက်တစ်နေ့မင်းသွားမှာဆို
နောက်တစ်နေ့မင်း ပျောက်ကွယ်ကာ
ပြောင်းမှာက သူများသမီးလေး အသွင်
ဒါကြောင့်အခွင့်သင့်လို့
အပျိုလူပျိုအစုံအလင် တခုပဲမေးချင်
ကပြမလား အလှငှက်ငယ်ရေ
မြင်သူမျက်တောင်မခတ်အောင်
ကပြမလား အလှငှက်ငယ်ရေ
ပျော်ရွှင်ဖို့ ပွဲနေ့မှာ
အိုးစည်သံတွေ စုံမယ်
ဒီထင်းရှူးပင်အရိပ်
တွေ့ရဆုံရ ဝမ်းသာ ဝမ်းသာ
လုလာလူ တကယ်များလို့
ဗွက်တောင်ပေါက်ကုန်ပြီပေါ့
အလှငှက်ရေ
ဘယ်သူမြင်လည်းပဲ ကြည့်မယ် ဘယ်သူမြင်လည်းပဲ
ခေါ်ကာ နောက်တော်ပါ အိမ်ရိပ်နန်းရိပ်ထိ
ဒါကြောင့် အခန့်သင့်လို့
အပျိုလူပျို စုံလင် တခုပဲမေးချင်
ရင်မှာလေ ဘယ်သူအတွက် က လဲ
ရင်မှာ ဘယ်သူ့ အချစ်ဆုံးလဲ ရင်မှာ
ဘယ်တစ်ယောက်အတွက် က လည်း
ရင်မှာအားလုံးအတွက်လား မင်းမှာ
တခါတလေထွက်ပြီး ဘယ်ပြေးပုန်းရှောင်မလဲ
အလှငှက်ငယ်ရေ ဘာကြောင့် ဘာကြောင့်
ကိုယ့်ရင်ကို တခါစကာ တစ်နှစ်ကြာထိ
စိတ်စွဲလမ်းသွားစေတော့
ကပြမလား အလှငှက်ငယ်ရေ
မြင်သူမျက်တောင်မခတ်အောင်
ကပြမလား အလှငှက်ငယ်ရေ
ပျော်ရွှင်ဖို့ ပွဲနေ့မှာ
အိုးစည်သံတွေ စုံမယ်
ဒီထင်းရှူးပင်အရိပ်
တွေ့ရဆုံရ ဝမ်းသာ ဝမ်းသာ
လုလာလူ တကယ်များလို့
ဗွက်တောင်ပေါက်ကုန်ပြီပေါ့
အလှငှက်ရေ
ရင်မှာလေ ဘယ်သူအတွက် က လဲ
ရင်မှာ ဘယ်သူ့ အချစ်ဆုံးလဲ ရင်မှာ
ဘယ်တစ်ယောက်အတွက် က လည်း
ရင်မှာအားလုံးအတွက်လား
မင်းမှာတခါတလေထွက်ပြီး ဘယ်ပြေးပုန်းရှောင်
မလဲ အလှငှက်ငယ်ရေ ဘာကြောင့် ဘာကြောင့်
ကိုယ့်ရင်ကို တခါစကာ တစ်နှစ်ကြာထိ
စိတ်စွဲလမ်းသွားစေတော့