menu-iconlogo
huatong
huatong
avatar

ချစ်သူများရဲ့ မနက်ဖြန်

ဘိုဘို Bo Bohuatong
philliskihuatong
歌詞
レコーディング
ချစ်သူများရဲ့ မနက်ဖြန်

တေးရေး မြင့်မိုးအောင်

တေးဆို ဘိုဘို

Intro

ကြွယ်ပွင့်လေးများစွာလည်း

ကြွေသွားခဲ့ဖူးတဲ့ ကောင်းကင်

တစ်နေ့မှာ အလင်းမဲ့ညတွေရှိမယ်

ကြိုတင်ပြီးမသိနိုင်ခဲ့

အို တို့နှစ်ယောက်ရဲ့ မနက်ဖြန်

တွေးရင်း စိုးထိတ်လာတယ်ကွယ်

ဘယ်အချိန်မှာ တို့နှစ်ဦး

အဝေးဆုံးဝေးသွားကြမယ်

နှုတ်ဆက်ခွဲခွာချိန်လေး...

နောင်တစ်ချိန်မှာ ဝေးကြရမှာလား

ရှေ့ဆက်ချစ်နိုင်မလား

သိခွင့်မရတဲ့ တို့ရဲ့မနက်ဖြန်လေးတွေ...

ကံကြမ္မာဟာ အလွမ်းနဲ့ဆုံးမှာလား

အချစ်နဲ့ ဆုံးမှာလား

သိခွင့်မရတဲ့ တို့ရဲ့မနက်ဖြန်လေးတွေ...

တွေးရင်းမောမိတယ် ...

Solo

ရင်ခုန်ခြင်း သီချင်းသံလေး

ဘယ်လောက်အထိ ကြားရဦးမလဲ

အနားမှာ မင်းရှိတဲ့ အချိန်လေးရယ်

မျှော်လင့်မထားခဲ့ပေမယ့်

အို ခွဲရဦးမယ့်မနက်ဖြန်

တွေးရင်း စိုးထိတ်လာတယ်ကွယ်...

ဘယ်အချိန်မှာ တို့နှစ်ဦး

အဝေးဆုံး ဝေးသွားကြမယ်

တို့နှစ်ယောက် ခွဲခွာချိန်လေး...

နောင်တစ်ချိန်မှာ ဝေးကြရမှာလား

ရှေ့ဆက်ချစ်နိုင်မလား

သိခွင့်မရတဲ့ တို့ရဲ့မနက်ဖြန်လေးတွေ...

ကံကြမ္မာဟာ အလွမ်းနဲ့ဆုံးမှာလား

အချစ်နဲ့ ဆုံးမှာလား

သိခွင့်မရတဲ့ တို့ရဲ့မနက်ဖြန်လေးတွေ...

တွေးရင်းမောမိတယ်...

တစ်နေ့ကျ ဝေးကြရမှာလား

ရှေ့ဆက်ချစ်နိုင်မလား

သိခွင့်မရတဲ့ တို့ရဲ့မနက်ဖြန်လေးတွေ...

ကံကြမ္မာဟာ အလွမ်းနဲ့ဆုံးမှာလား

အချစ်နဲ့ ဆုံးမှာလား

သိခွင့်မရတဲ့ တို့ရဲ့မနက်ဖြန်လေး...

အို ၀ူး အို .....

အချစ်နဲ့ ဆုံးရမလား လာ လာ လား...

END

ဘိုဘို Bo Boの他の作品

総て見るlogo

あなたにおすすめ