အင်ကြင်းမြိုင် ၊ တောအကွေ့
ချောတမေ့ ၊ ရွှင်ကြည်
သဘောတွေ့ဖို့ ၊ သဇင်နီရယ်
ရွှေ သရဖီ ၊ ကြက်ရုံး
ငှံး ခါ ငှက်
ဆက်ရက် မကျန်တယ်
ငှံး ခါ ငှက်
ဆက်ရက် မကျန်တယ်
တောကြက် ပါ
ပေါလို့ မဆုံး ၊ မဆုံး ...။
တောဓလေ့
ရွှေတိုင်ညွန့်
ဆို မာမာအေး
စောင်း ဝင်းလှိုင်မောင်
နှင့်
အဖွဲ့
တို့ ဘာသာ ဘာဝ
မြူးထူး ကြလို့သာ
သြော် . ကျေးငှက်တို့
ပေါတဲ့ မြိုင်ဟေမာ
ရွှေလိပ်ပြာ ၀ဲကာ နွှဲပျံရှာ
တို့ ဘာသာ ဘာဝ
မြူးထူး ကြလို့သာ
သြော် . ကျေးငှက်တို့
ပေါတဲ့ မြိုင်ဟေမာ
ရွှေလိပ်ပြာ ၀ဲကာ နွှဲပျံရှာ
လယ် ပြင်
ပျိုးခင်း ကျဲဖို့ရာ
ပျိုးခင်း ကျဲဖို့ရာ
မိုး ဦး ကျ
တပေါင်း တခူး လမှာ
ကောက်စိုက် ခံပလာ
မိုးရေထဲ ရွှဲလို့သာ
ချောင်းရေလဲ စီးကျကာ
မယ်တို့ရွာ နံဘေးက
ကုဏ္ဍလာ ရေကန်မှာ
ပုဒုမ္မာရွှေကြာ
လွန်ပျံ့သင်းကာ
နှင်းဆီခတ္တာ
ပေါတဲ့တောဟေမာ
မယ်တို့ရွာ မယ်တို့ရွာ မယ်တို့ရွာ
ရွှေချိုးဖြူ ကူလို့သာ မြူးပျော်ရှာ
ရွှေလင်းပြာ ရွှေလင်းပြာ ရွှေလင်းပြာ
မောင်မယ်တွဲ နွှဲကာ ၀ဲလို့ပျံကြတာ
ပျော်ဖို့ရာ ရွှင်ဖို့ရာ ခင်တို့ရွာ
ပျိုချစ်သူ တူနွှဲကာ လိုက်ခဲ့ပါ
ယမုံနာ အေးချမ်းတဲ့ ဆိပ်ကမ်းသာ
စိတ်ရွှင်လန်း ထူးဆန်းတဲ့ ရေသီတာ
မှိုင်းမှိုင်းညို့ညို့ ဝေကာ သန်းပါလို့
တောတန်း ဟေမ၀ါ
စိမ်းလဲ့ ဝေေ၀ဆာ
ထူးတဲ့ တောင်သေလာ
မြူခိုးတွေ က ဖြာ
ညနေခါ ၊ လေချို သွေး ရင်
စိတ်မှာလဲ အေးချမ်းစွာ
သာ ယာ ပေ တာ
ကွင်းပြင်ကြီး ဆီးလို့ကာ
နေ ရောင် ခြည် ဖြာ
မယ့်စိတ်ထဲ စွဲလို့သာ
သြော် .
တို့တောရွာလေး ရေတွင်းနားမှာ
ပျိုချစ်သူကို
စောင့်စားကာပဲ နေမိတော့တာ
ထူးတဲ့ ရွှေ မေတ္တာ
လှည်း ယဉ် နဲ့
ပျို့မောင်ကြီးကို ဆီးကြိုတော့မှာ
မယ်တို့ရွာ မယ်တို့ရွာ မယ်တို့ရွာ
ရွှေချိုးဖြူ ကူလို့သာ မြူးပျော်ရှာ
ရွှေလင်းပြာ ရွှေလင်းပြာ ရွှေလင်းပြာ
မောင်မယ်တွဲ နွှဲကာ ၀ဲလို့ပျံကြတာ
ပျော်ဖို့ရာ ရွှင်ဖို့ရာ ခင်တို့ရွာ
ပျိုချစ်သူ တူနွှဲကာ လိုက်ခဲ့ပါ
ယမုံနာ အေးချမ်းတဲ့ ဆိပ်ကမ်းသာ
စိတ်ရွှင်လန်း ထူးဆန်းတဲ့ ရေသီတာ
ပန်းပေါင်းစုံ ပွင့်ဖူးရှာကြ
ကြိုင်စွာ လှိုင်စွာ
ခိုင်ညှာ တံမှာ
ပန်းပေါင်းစုံ ပွင့်ဖူးရှာကြ
ကြိုင်စွာ လှိုင်စွာ
ခိုင်ညှာ တံမှာ
ကောက်ပဲသီးနှံ ပေါတာ
တို့များ တောရွာ ဓလေ့ပါ
ပျော်မွေ့ ချင်စရာ
စုံ လင် ပါလှ
ကောက်ပဲသီးနှံ ပေါတာ
တို့များ တောရွာ ဓလေ့ပါ
ပျော်မွေ့ ချင်စရာ
စုံ လင် ပါလှ
တော ငှက်တို့ပါ
ရော ယှက်လို့သာ
တို့ရွာဆိပ်ကမ်း ညနေချမ်းမှာ
ဝဲကာပျံသန်း အိပ်တန်းကိုရှာ
မယ်တို့ရွာ မယ်တို့ရွာ မယ်တို့ရွာ
ရွှေချိုးဖြူ ကူလို့သာ မြူးပျော်ရှာ
ရွှေလင်းပြာ ရွှေလင်းပြာ ရွှေလင်းပြာ
မောင်မယ်တွဲ နွှဲကာ ၀ဲလို့ပျံကြတာ
ပျော်ဖို့ရာ ရွှင်ဖို့ရာ ခင်တို့ရွာ
ပျိုချစ်သူ တူနွှဲကာ လိုက်ခဲ့ပါ
ယမုံနာ အေးချမ်းတဲ့ ဆိပ်ကမ်းသာ
စိတ်ရွှင်လန်း ထူးဆန်းတဲ့ ရေသီတာ
ထပ်ဆင့်မျှဝေပါသည်
မူရင်းသက်ဆိုင်သူအားလုံးကို