ဆုံမှတ်တွေရယ် ဝေး
အိပ်မက်တွေရယ်ဆွေး
အချစ်များစွာကို
လိမ်လည်ပြီးတော့ ခိုးသွားခဲ့သူလေး
မျှော်လင့်ချက်တွေပေး
ရိုက်ချိုးပြီး ထွက်ပြေး
နောက်ကျောဘက်မှာ
ဒဏ်ရာအားလုံး မင်းထိုးသွင်းနေခဲ့
နာကျည်းခဲ့သော အတိတ်တွေ
ခုံမင်နေခဲ့
နင်မချစ်ခဲ့ပဲငါ့ကို
အယုံအကြည်တွေသွင်း
လှည့်ကွက်များကြားမှာ
မင်းရဲ့အရုပ်လိုမျိုး
ငါချစ်ခဲ့ရသလို
နင်ချစ်လာတတ်လာမယ့်အခါ
ငါ့ရဲ့အချစ်ကို နားလည်မှာပါ
ဝဋ္ဋ်ကြွေးက မင်းဆီ
တပတ်ပြန်လည်မယ့်အခါ
ချစ်တတ်ပါစေ
တနေ့နေ့ မင်းချစ်မယ့်သူ
မင်းအနား ရောက်လာမယ့်အချိန်
ရင့်ကျက်ပါစေ
မင်းဆိုးခဲ့ဖူးသလို မင်းပေါ်သူဆိုးရင်
ငါ့လိုသည်းခံနိုင်မလား
လက်ထဲမှာဆုပ်ကိုင်ထားတဲ့
အနာဂတ်တွေကို ရေများမျှောတော့
ငါမရှိရင်မဖြစ်ဘူးဆိုတဲ့
မိန်းကလေးအခုလောက်ဆိုသေသွားရောပေါ့
ဘယ်သူတွေဆေးဆိုးသွားလဲ?
ငါ့နေကြာပန်းလေးကိုအဝါရောင်အဖြစ်မှ
ငါသန်းခေါင်ယံမှာကြယ်တွေမဆုံလဲ
သူနဲ့ဆို "အပြာရောင်အချစ်ည"
ဟက်လား?
အဲ့ဒီကောင်ကိုခေါင်းပေါ်
ကြပ်ကြပ်တင် ငါနဲ့မင်းပတ်သက်ရင်
သံမဏိလိုမာကြောလဲ
အခုကြတော့မျက်ရည်မျက်ခွက်နှင့်
ပြန်လာကြည့်ပါသဲရယ်
ဒီကမ္ဘာမှာမင်းကိုလိုနေဆဲ
လေနှင်ရာလွင့်ပါသွားတဲ့
တိမ်စိုင်အားအတင်းကိုကြိုမနေနဲ့..
စွဲလမ်းတတ်တဲ့ စိတ်တွေနဲ့
အတွေးတွေဖျောက်ပေးအခု
နင်ထိုးသွားတဲ့ဓားကြီးနဲ့
နောက်ကျောဘက်ကသွေးတွေမခြောက်သေးဘူး
အောက်နှုတ်ခမ်းပါး
သွေးပျက်လောက်တဲ့ အပြုံးနဲ့မရယ်ပါနဲ့
သခင်လိုမျိုးဦးထိပ်ပန်ဆင်ခဲ့တာ
လက်အုပ်မချီရုံ တမယ်ပါပဲ...
Yoh..
ခက်ထန်တဲ့ရာသီတစ်လျှောက်မျက်ရည်မိုးများ
အသာတကြည်မပျောက်
နင်ကတော့ အဲ့ကောင်ရဲ့
အချစ်မြို့တော်ထဲမှာ တစ်ရွာတစ်ကျီဆောက်
ငါထမ်းပိုးပေးထားမယ်
အိပ်မက်တွေအမြင့်ကိုပြေးပါစေဦး
အတောင်စုံသွားတဲ့လိပ်ပြာလေးရေ
ပန်းလေးတွေနင့်ကိုမေးနေတုန်း
ချစ်တတ်ပါစေ
တနေ့နေ့ မင်းချစ်မယ့်သူ
မင်းအနား ရောက်လာမယ့်အချိန်
ရင့်ကျက်ပါစေ
မင်းဆိုးခဲ့ဖူးသလို မင်းပေါ်သူဆိုးရင်
ငါ့လိုသည်းခံနိုင်မလား
ချစ်တတ်ပါစေ
တနေ့နေ့ မင်းချစ်မယ့်သူ
မင်းအနား ရောက်လာမယ့်အချိန်
ရင့်ကျက်ပါစေ
မင်းဆိုးခဲ့ဖူးသလို မင်းပေါ်သူဆိုးရင်
ငါ့လိုသည်းခံနိုင်မလား
အချစ်ပေးပီး အချစ်ပြန်မရ
ဉာဏ်နည်းမိခဲ့တာပါ
ယုံစားမိခဲ့တဲ့ ငါ့ကိုနင်ကစား
မျက်မှာချင်းဆိုင်လမ်းမှာလည်း
မတော်တဆ တွေ့ဖစ်ရင်လည်း
နောင်တတွေမပါပဲငါ့ကိုနှုတ်ဆက်ပါ