menu-iconlogo
huatong
huatong
--cover-image

သူသိစေ

ရတနာမိုင်huatong
pussenusserhuatong
歌詞
収録
စွဲလမ်းအောင် နင်ဖန်တီးတတ်တယ်

ရူးအောင် ငါချစ်ပြီးတော့မှ ရက်စက်စွာ

နင်ငါ့ကို ထားသွားရက်တယ် နင်ရယ်

အကြောင်းပြချက်တွေမရှိပဲနဲ့ ဝေးကြရပြီ

အချစ်ဆုံးရယ် ဟိုအဝေးမှာတစ်ယောက်တည်း

မိုက်ရူးရဲကာ ချစ်တော့မယ်

နင်လာပြီး ငါ့ရဲ့ဘဝထဲကိုဝင်ခဲ့ပြီ

ဒီလိုနဲ့ တို့နှစ်ယောက်ချစ်ခဲ့တာ

ပျော်ကြသည် နင့်ရဲ့အပြုံးလေးတွေ

စကားလေးတွေ အနမ်းလေးတွေ

နှလုံးသားမှာစွဲတော့မှ

ဒီလိုနဲ့ မင်းရဲ့သတင်းမကြားတာကြာလှပြီ

တစ်ခါတစ်လေတော့ ဖုန်းလေးဆက်သင့်တာ

လွန်လှပြီ ခံနိုင်ရည်မရှိတောပါ

မိုးများလိုတို့မျက်ရည်

မစဲတော့ပါကွယ် အချစ်ရေ

နင်တကယ်မချစ်ခဲ့လို့များ

မခံစားရတာလား ငါ့ကိုနင်ပြောလိုက်

ဘာချို့ယွင်းချက်ရှိလဲ မင်းစိတ်အလိုတိုင်း

ပြုပြင်ပါမယ် မထားခဲ့လိုက်ပါနဲ့

မင်းရဲ့အနားပဲရှိချင်တာ နင်ဘယ်မှာလဲ

ပိုက်စိပ်တိုက်လို့ လိုက်ရှာချင်ပေမယ့်

ငါ့ရဲ့အနားနား မင်းမှမပျော်တာ

စွဲလမ်းအောင် နင်ဖန်တီးတတ်တယ်

ရူးအောင် ငါချစ်ပြီးတော့မှ ရက်စက်စွာ

နင်ငါ့ကို ထားသွားရက်တယ် နင်ရယ်

အကြောင်းပြချက်တွေမရှိပဲနဲ့ အဝေးရောက်ရပြီ

အချစ်ဆုံးရယ် ဟိုအဝေးမှာတစ်ယောက်တည်း

မိုက်ရူးရဲကာ ချစ်တော့မယ်

နင်ငါ့အားချစ်ခဲ့သမျှတွေ ပြန်တွေးမိ

တစ်ကိုယ်တော် အခန်းတံခါးလေးပိတ်ကာ

ငိုရပြီ လူဆန်အောင်မပြုံးတတ်ပါ

မင်းငါ့ကိုထားသွားတဲ့ နေ့ကနေစပြီးတော့

နှလုံးသားသေးသေးနဲ့ မဆန့်တော့အောင်

ငါချစ်သည် အရွယ်နဲ့မလိုက်ဖက်တဲ့

အဆွေးမီးတွေလောင်ရပြီ အပြင်မှာ

မိုးလင်းတာ မိုးချုပ်တာ မသိတော့အောင်

အခန်းအောင်းကာ လွမ်းတယ်

နင်တကယ်မချစ်ခဲ့လို့များ

မခံစားရတာလား ငါ့ကိုနင်ပြောလိုက်

ဘာချို့ယွင်းချက်ရှိလဲ မင်းစိတ်အလိုတိုင်း

ပြုပြင်ပါမယ် မထားခဲ့လိုက်ပါနဲ့

မင်းရဲ့အနားပဲရှိချင်တာ နင်ဘယ်မှာလဲ

ပိုက်စိပ်တိုက်လို့ လိုက်ရှာချင်ပေမယ့်

ငါ့ရဲ့အနားနား မင်းမှမပျော်တာ

စွဲလမ်းအောင် နင်ဖန်တီးတတ်တယ်

ရူးအောင် ငါချစ်ပြီးတော့မှ ရက်စက်စွာ

နင်ငါ့ကို ထားသွားရက်တယ် နင်ရယ်

အကြောင်းပြချက်တွေမရှိပဲနဲ့ ဝေးကြရပြီ

အချစ်ဆုံးရယ် ဟိုအဝေးမှာတစ်ယောက်တည်း

မိုက်ရူးရဲကာ ချစ်တော့မယ်

Be Happy

ရတနာမိုင်の他の作品

総て見るlogo