သီချင်း း ရိုးမြေကျ
တေးဆို း ရဲလေး
ငါ့ရဲ့ဘေးမှာ မင်းရှိတုန်းက
ရူးမိုက်စွာနဲ့
လက်ကိုတွဲ ဘဝသစ်ထူမယ်
ဘာကြောင့်အခုမလိုက်တာလည်းပြောပါ
အရင်က နားထောင်ကောင်းတဲ့
စကားသံတွေကိုကြားချင်တယ်
အမုန်းတွေမရှိတဲ့နယ်မြေသစ်ကို
တို့နှစ်ယောက်အတူသွားချင်တယ်
အလုပ်တွေလုပ်ပြီး စိတ်ကူးယဉ်တာ
အတူတူနေထိုင်ဖို့ငါ
တစ်ခါတစ်လေမှာမျက်နှာငယ်တယ်
ဟူးးးး ရေမခိုင်လို့
နောက်ကြောင်းတွေပြတ်ပြီလား
လိမ်တာညာတာရပ်ပြီလား
အများကပြောတဲ့ မင်းသတင်းတွေက
နားနဲ့မဆံ့အောင် Heartထိလာ
ငါလည်း လူငယ်တစ်ယောက်ပဲ
အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတာ
အဝေးကိုမဒိုးပါနဲ့
ရဲလေးဆိုတဲ့ ဒီကောင့်အနားက
အပြတ်သတ် ဒီတစ်ခေါက်ဝေးဖို့အကြောင်းကို
ငါတွေးရင်း
မနက်ဖြန်သတင်းစာထဲမှာ
တွေ့ပါလိမ့်မယ် နာရေးသတင်း
ရူးတယ် ဘာဖြစ်လို့
အဲ့သလောက်တောင်ဖြစ်သွားတာလဲ
ဘာကိုမှ ဂရုမစိုက်ဘူး
လေးနက်တဲ့အချစ်များစွာနဲ့
အကွက်တွေရွှေ့ဆဲ
တခြားလူတွေနဲ့အပြင်မှာတွေ့လည်း
သူ့ရဲ့အပြောမှာ
ကျွန်တော်စီးမျောလို့ဝင်သွားတာပဲ
ကိုယ်ရူးတယ်လို့ ပြောချင်ပြောပါ
အထာမရှိနိုင်သောအချစ်များနဲ့
ကိုယ်ခွင့်လွှတ်နေမှာ
ကိုယ်စိတ်ထဲရှိသော ဆုတွေတောင်းမယ်
တစ်နေ့မှာအမြတ်နိုးဆုံးမင်းနဲ့
ရိုးမြေကျပေါင်းရပါစေ
ကျွန်တော့်ကို ၂၆နှစ်ထဲမှာ
ဗေဒင်ဆရာတွေအားလုံးဟောကြတယ်
မင်းမိန်းမကိစ္စဖျက်လို့
ရင်တွေဘာတွေမောရမယ်
ဖူးစာရှင်ကနောက်ငါးနှစ်မှာ
ပေါ်လာမယ်လို့ပြောသွားတယ်
မင်းအတွက်နဲ့ မခံနိုင်ပါဘူး
ငါ့မှာထွက်တာဒေါသပဲ
အရင်ကမင်းမှာရှိတဲ့အပြုံးတွေ
အခုတော့ဘယ်မှာလဲ
တကယ်ပါပဲ မရယ်ပါနဲ့ သူလေအရမ်းကိုလည်တာပဲ
မဟောင်းနိုင်ပါဘူး အသစ်တွေလို
ပန်းတိုင်မဲ့ပြီးချစ်နေလို့
မင်းအကြည့်တွေကိုမခံနိုင်ပါဘူး
ကွေ့ကောက်တဲ့မြစ်တွေလို
စိတ်ထဲမှာတွေးရင်း
စိတ်ထဲမှာတွေးရင်းရူးသလိုပဲ
အခုဘယ်လိုလဲလို့မေးလိုက်တိုင်း
သူ့ပုံစံကမထူးသလိုပဲ
လိုအပ်မယ်ဆိုအသုံးပြုပါတော့
ငါ့ရဲ့ကျောပြင်ကို မိန်းကလေး
ဒါကြီးက မင်းရဲ့ဝေါယာဉ်လို
အချစ်မသိပါဘူး မင်းမသိနိုင်ဘူး
ရင်မောနေသော ကိုယ့်ရဲ့ဖြစ်စဉ်များကို
မပြောင်းလဲပါဘူး ကိုယ်မပြောင်းလဲနိုင်ဘူး
အချစ်ရဲ့နား အေးချမ်းမှုတွေနဲ့ အိုးးး
ကိုယ်ရူးတယ်လို့ ပြောချင်ပြောပါ
အထာမရှိနိုင်သောအချစ်များနဲ့
ကိုယ်ခွင့်လွှတ်နေမှာ
ကိုယ်စိတ်ထဲရှိသော ဆုတွေတောင်းမယ်
တစ်နေ့မှာအမြတ်နိုးဆုံးမင်းနဲ့
ရိုးမြေကျပေါင်းရပါစေ
ရိုးမြေကျ ဘယ်တော့မှပေါင်းရမှာလဲ
သံသယတွေနဲ့ တို့တွေဘဝ
လူတွေကိုအားကျပါတယ် ဒါပေမယ့် အဆိုးတွေများ
ညစ်ညမ်းတဲ့ဒီလိုလောကထဲ ကြားချင်တယ်
ဘယ်သူက မင်းရဲ့အချစ်ဆုံး ငါ့ကိုပြောပြခဲ့
ငါမသိချင်တော့ပါဘူး
မင်းပေါက်ကရအကြောင်းတွေကို
ငါမကြားချင်တော့ပါဘူး
မင်းရှုပ်တဲ့အကြောင်းတွေကို
မင်းနွေးထွေးမှာလား ငါအေးဆေးပါကွာ
သဲရယ် မင်းကိုချစ်ခဲ့မိတာတွေကို
တွေးပေးပါကွာ
ကိုယ်ရူးတယ်လို့ ပြောချင်ပြောပါ
အထာမရှိနိုင်သောအချစ်များနဲ့
ကိုယ်ခွင့်လွှတ်နေမှာ
ကိုယ်စိတ်ထဲရှိသော ဆုတွေတောင်းမယ်
တစ်နေ့မှာအမြတ်နိုးဆုံးမင်းနဲ့
ရိုးမြေကျပေါင်းရပါစေ
ကိုယ်ရူးတယ်လို့ ပြောချင်ပြောပါ
အထာမရှိနိုင်သောအချစ်များနဲ့
ကိုယ်ခွင့်လွှတ်နေမှာ
ကိုယ်စိတ်ထဲရှိသော ဆုတွေတောင်းမယ်
တစ်နေ့မှာအမြတ်နိုးဆုံးမင်းနဲ့
ရိုးမြေကျပေါင်းရပါစေ
ရိုးမြေကျပေါင်းရပါစေ
အမြတ်နိုးဆုံးမင်းနဲ့
ရိုးမြေကျ
ပေါင်းရပါစေ