menu-iconlogo
huatong
huatong
avatar

သံမဏိလိပ်​ပြာ

လင်းလင်းhuatong
Poeei🇲🇲Heavensent.K2huatong
歌詞
レコーディング
စစ်​မှန်​တဲ့တရား ​ခေါင်းမှာထည့်​ပြီး

တွေးပါ သူအမြဲ ​ပြောပါတယ်

မေတ္တာ​လေနဲ့ အသက်​ကိုရှူပြီး

သွားပါ သူအမြဲ ​ပြောပါတယ်

သစ္စာ​ရေ​သောက်​ ဘဝတည်​​ဆောက်​ပြီး

လျှောက်​ပါ သူအမြဲ ​ပြောပါတယ်

ခေါင်းမ​ဖော်​နိုင်​တဲ့ စိတ်​ဒဏ်​ရာနဲ့

အတိတ်​မှာ မ​နေနဲ့ ​ပြောပါတယ်

မလဲပြိုနိုင်​တဲ့ သိက္ခာ​တွေနဲ့

ရှေ့ကိုကြည့်​စမ်း ​ပြောပါတယ်

သမိုင်းဆိုတာက တို့​တွေအကုန်​လုံး

အမြဲ သင်​ယူ​ဖို့ ​ပြောပါတယ်

အို တို့​​တွေရင်​ထဲ လင်း​စေနိုင်​မယ့်

အပြုံး​တွေ သူအမြဲပြုံးပြတယ်

တို့​တွေအိပ်​မက်​ လှ​စေနိုင်​မယ့်

စကား​တွေ သူအမြဲ ​ပြောပြတယ်

တို့​တွေ အနာဂတ်​ မလွဲနိုင်​​အောင်​လဲ

အလုပ်တွေသူအမြဲ အမြဲတမ်းကြိုးစားပါတယ်

ဟူး တို့​တွေစိတ်​ထား မမှားနိုင်အောင်​လဲ

အသိပညာနဲ့ လမ်းပြတယ်

တို့​တွေမမြင်​တဲ့ တံခါး​တွေကိုလဲ

အတတ်​ပညာနဲ့ ဖွင့်​ဟတယ်

တို့​တွေ​မျှော်​မှန်း ပန်းတိုင်​ကိုလဲ

မ​ဝေး​အောင်​သူအမြဲ အမြဲတမ်းကြိုးစားပါတယ်

ရှေ့အန္တရာယ်​များ ​ကြောက်​ကာလန့်​မသွား

မြဲမြန်​စိတ်​ထား ရှားပါတယ်

မုန်​တိုင်းထန်​​နေတဲ့ အမှားပင်​လယ်​ထဲ

တပ်ကို မချဘူး ဆက်​​လှော်​တယ်

အတုယူနိုင်​ဖို့ လိုက်​မမှီနိုင်​တဲ့

နှလုံးသား လှလှရှိပါတယ်

အမှားကိုပြင်​ဖို့ ခက်​ထန်​မာတဲ့

အားအင်​​တွေ အပြည့်​ ရှိပါတယ်

လဲသူကိုကမ်း လက်​တစ်​စုံဟာလဲ

မေတ္တာ​တွေနဲ့ မွန်းမံခြယ်

တို့​တွေရဲ့လမ်း မမှား​အောင်​ညွှန်​မယ့်

ကမ္ဘာ့အလယ်​က သံမဏိလိပ်​ပြာ​လေးပါကွယ်

အိုး တို့​​တွေရင်​ထဲ လင်း​စေနိုင်​မယ့်

အပြုံး​တွေ သူအမြဲပြုံးပြတယ်

တို့​တွေအိပ်​မက်​ လှ​စေနိုင်​မယ့်

စကား​တွေ သူအမြဲ ​ပြောပြတယ်

တို့​တွေ အနာဂတ်​ မလွဲနိုင်​​အောင်​လဲ

အလုပ်တွေသူအမြဲ အမြဲတမ်းကြိုးစားပါတယ်

ဒါဟာ အမှန်​တရား

ဒါ​တွေဟာ အမှန်းတရား ​ရေ့​ရေး

အိုး မင်း​မွေးတဲ့ မြို့မလိုဘူး​လေ

မင်း ရိုးသားဖို့လိုတယ်

မင်းကိုင်းရှိုင်းတဲ့ ဘုရားမဆိုင်​ဘူး​လေ

မင်း ရိုးသားဖို့လိုတယ်

မင်းရတဲ့ ဘွဲ့မလိုဘူး​လေ

မင်း ရိုးသားဖို့လိုတယ်

မင်းရဲ့ အသိုင်းအဝိုင်း မဆိုင်​ဘူး​လေ

မင်း ရိုးသားဖို့လိုတယ်

အမှားကိုပြင်​ဖို့ ခက်​ထန်​မာတဲ့

အားအင်​​တွေ အပြည့်​ ရှိပါတယ်

လဲသူကိုကမ်း လက်​တစ်​စုံဟာလဲ

မေတ္တာ​တွေနဲ့ မွန်းမံခြယ်

တို့​တွေရဲ့လမ်း မမှား​အောင်​ညွှန်​မယ့်

ကမ္ဘာ့အလယ်​က သံမဏိလိပ်​ပြာ​လေးပါကွယ်

ဒါဟာ အမှန်​တရား

ဒါ​တွေဟာ အမှန်းတရား ​ရေ့​ရေး

ဒါဟာ အမှန်​တရား

စစ်​မှန်​တဲ့တရား ​ခေါင်းမှာထည့်​ပြီး

တွေးပါ သူအမြဲ ​ပြောပါတယ်

မေတ္တာ​လေနဲ့ အသက်​ကိုရှူပြီး

သွားပါ သူအမြဲ ​ပြောပါတယ်

သစ္စာ​ရေ​သောက်​ ဘဝတည်​​ဆောက်​ပြီး

လျှောက်​ပါ သူအမြဲ ​ပြောပါတယ်

ခေါင်းမ​ဖော်​နိုင်​တဲ့ စိတ်​ဒဏ်​ရာနဲ့

အတိတ်​မှာ မ​နေနဲ့ ​ပြောပါတယ်

မလဲပြိုနိုင်​တဲ့ သိက္ခာ​တွေနဲ့

ရှေ့ကိုကြည့်​စမ်း ​ပြောပါတယ်

သမိုင်းဆိုတာက တို့​တွေအကုန်​လုံး

အမြဲ သင်​ယူ​ဖို့ ​ပြောပါတယ်

အိုး မင်း​မွေးတဲ့ မြို့မလိုဘူး​လေ

မင်း ရိုးသားဖို့လိုတယ်

မင်းကိုင်းရှိုင်းတဲ့ ဘုရားမဆိုင်​ဘူး​လေ

မင်း ရိုးသားဖို့လိုတယ်

မင်းရတဲ့ ဘွဲ့မလိုဘူး​လေ

မင်း ရိုးသားဖို့လိုတယ်

မင်းရဲ့ အသိုင်းအဝိုင်း မဆိုင်​ဘူး​လေ

မင်း ရိုးသားဖို့လိုတယ်

ဒါဟာ အမှန်တရား

ဒါတွေဟာ အမှန်တရား ရေ့ရေး

ရှေ့အန္တရာယ်​များ ​ကြောက်​ကာလန့်​မသွား

မြဲမြန်​စိတ်​ထား ရှားပါတယ်

မုန်​တိုင်းထန်​​နေတဲ့ အမှားပင်​လယ်​ထဲ

တပ်​ကို မချဘူး ဆက်​​လှော်​တယ်

အတုယူနိုင်​ဖို့ လိုက်​မမှီနိုင်​တဲ့

နှလုံးသား လှလှရှိပါတယ်

မင်းကိုင်းရှိုင်းတဲ့ ဘုရားမဆိုင်​ဘူး​လေ

မင်း ရိုးသားဖို့လိုတယ်

တို့​​တွေရင်​ထဲ လင်း​စေနိုင်​မယ့်

အပြုံး​တွေ သူအမြဲပြုံးပြတယ်

တို့​တွေအိပ်​မက်​ လှ​စေနိုင်​မယ့်

စကား​တွေ သူအမြဲ ​ပြောပြတယ်

တို့​တွေ အနာဂတ်​ မလွဲနိုင်​​အောင်​လဲ

အလုပ်တွေသူအမြဲ အမြဲတမ်းကြိုးစားပါတယ်

အမှားကိုပြင်​ဖို့ ခက်​ထန်​မာတဲ့

အားအင်​​တွေ အပြည့်​ ရှိပါတယ်

လဲသူကိုကမ်း လက်​တစ်​စုံဟာလဲ

မေတ္တာ​တွေနဲ့ မွမ်းမံခြယ်

တို့​တွေရဲ့လမ်း မမှား​အောင်​ညွှန်​မယ့်

ကမ္ဘာ့အလယ်​က သံမဏိလိပ်​ပြာ​လေးပါကွယ်

POEEI

လင်းလင်းの他の作品

総て見るlogo