တစ်ခါတုန်းကတို့ရွာမှာ
သဘောကောင်းပြီး
ဆင်းရဲတယ်
ကိုပေါလို့ အများခေါ်တယ်
ပေါချာချာ
လူတစ်ယောက်လေ
သူအလုပ်လုပ်တဲ့အိမ်က
မြို့ကျောင်းတက်
သူဌေးသမီးကို
ရင်မှာသိုသိပ် တိတ်တိတ်သာ
ချစ်ရှာနေတော့တယ်
သူဌေးသမီးကျောင်းကိုအပြန်
နွားလှည်းနဲ့လိုက်အပို့မှာ
ရင်ထဲကအချစ်တွေဟာ
အိုးမလုံအုံပွင့်လာ
သူဌေးသမီးကဆိုသတဲ့
အချစ်စစ်တော့ဖြစ်ခဲ့ရင်
ငွေအသပြာ
တစ်သောင်းတိတိသာ
အဖေ့ဆီတင်တောင်းပါ
ဒီအချိန်မှာ ရသမျှအလုပ်ကို
နေရာမရှောင်လုပ်ကာ
အာဟာရ သိဒ္ဓိပြီးသလို
မစားရက် မသောက်ရက်နဲ့
ပူပြင်းတဲ့ကျောပြင်ဟာ
အချစ်စိတ်ကြောင့်
အေးမြကာ
စိုစွတ်တဲ့မိုးရေတွေ
သူ့ကိုလေမဟန့်တားသာ
သူစုထားတဲ့ငွေကလေး
တစ်သောင်းမပြည့်တပြည့်မှာ
သူရည်ရွယ်တဲ့
အမျိုးသမီးဟာ
တစ်ခြားအိမ်ထောင်ပြုရှာ
အရူးအပေါဖြစ်ပေမယ့်
အသက်စွန့်ပြီးချစ်တတ်သူ
ကိုပေါရဲ့အုတ်ဂူလေး
တို့ရွာအပြင်မှာရှိတယ်
သူ့အကြောင်းပြောပြနေရင်း
မင်းလေးလည်း
တစ်နေ့နေ့မှာ
လူတစ်ဖက်သား
ဘ၀ပျက်အောင်
...မကျီစားချင်ပါနဲ့ကွာ.....
တစ်ခါတုန်းကတို့ရွာမှာ
သဘောကောင်းပြီး
ဆင်းရဲတယ်
ကိုပေါလို့ အများခေါ်တယ်
ပေါချာချာ
လူတစ်ယောက်လေ
သူအလုပ်လုပ်တဲ့အိမ်က
မြို့ကျောင်းတက်
သူဌေးသမီးကို
ရင်မှာသိုသိပ် တိတ်တိတ်သာ
ချစ်ရှာနေတော့တယ်
သူဌေးသမီးကျောင်းကိုအပြန်
နွားလှည်းနဲ့လိုက်အပို့မှာ
ရင်ထဲကအချစ်တွေဟာ
အိုးမလုံအုံပွင့်လာ
သူဌေးသမီးကဆိုသတဲ့
အချစ်စစ်တော့ဖြစ်ခဲ့ရင်
ငွေအသပြာ
တစ်သောင်းတိတိသာ
အဖေ့ဆီတင်တောင်းပါ
ဒီအချိန်မှာ ရသမျှအလုပ်ကို
နေရာမရှောင်လုပ်ကာ
အာဟာရ သိဒ္ဓိပြီးသလို
မစားရက် မသောက်ရက်နဲ့
ပူပြင်းတဲ့ကျောပြင်ဟာ
အချစ်စိတ်ကြောင့်
အေးမြကာ
စိုစွတ်တဲ့မိုးရေတွေ
သူ့ကိုလေမဟန့်တားသာ
သူစုထားတဲ့ငွေကလေး
တစ်သောင်းမပြည့်တပြည့်မှာ
သူရည်ရွယ်တဲ့
အမျိုးသမီးဟာ
တစ်ခြားအိမ်ထောင်ပြုရှာ
အရူးအပေါဖြစ်ပေမယ့်
အသက်စွန့်ပြီးချစ်တတ်သူ
ကိုပေါရဲ့အုတ်ဂူလေး
တို့ရွာအပြင်မှာရှိတယ်
သူ့အကြောင်းပြောပြနေရင်း
မင်းလေးလည်း တစ်နေ့နေ့မှာ
လူတစ်ဖက်သား
ဘ၀ပျက်အောင်
...မကျီစားချင်ပါနဲ့ကွာ.....
?ကျေးဇူးတင်ပါတယ်?