အမြင့်ဆုံးမှာ
ရေး စောခူဆဲ
ဆို ဝန
မင်းရဲ့အသိုင်းအဝိုင်းထဲက
ဒီစကားမျိုးကြားရတော့
ကိုယ်အတော်လေး စိတ်မကောင်း
ဖြစ်သွားတယ်
ကောင်လေးက ဆင်းရဲတယ်
ပညာလေး မတောက်တစ်ခေါက်နဲ့
မျိုးရိုးက နိမ့်တယ် ထင်ပါရဲ့
ပြောကြပါတော့
သူတို့ထင်သလို
အားလုံးအမှန်အတိုင်း
ဖြစ်နေတယ်
အမြင့်ဆုံးမှာထားချင်တယ်
အစက မင်းပြောပြတော့
မင်းမိဘများက
ဘာဂုဏ်မှမမက်ဘူး
မလိုဘူးဆို
စိတ်ရင်းက ရိုးသားရင်
အကြင်နာစစ်ရှိခဲ့ရင်
မင်းလေးနဲ့ ထိုက်သူ
နေမှာပေါ့ တဲ့
အခုကြတော့လည်း
ပျော်မိတာကို
တွေးရင်း ရင်လေးမိပါတယ်
အမြင့်ဆုံးမှာ ထားချင်တယ်
အမြင့်ဆုံးမှာ ထားချင်တယ််
ရင်ထဲကမင်းအတွက်
မိုးအထိမြင့်အောင်
ကိုယ့်ဆန္ဒတွေပဲ
အမြင့်ဆုံးမှာ ထားချင်တယ်
အမြင့်ဆုံးမှာ ထားချင်တယ်
်အခုများတော့ မလှမ်းဝံနိုင်လို့
လူတန်းစေ့ မထားခဲ့နိုင်လို့
အချစ်ရယ်
မင်းကို စွန့်လွတ်လိုက်တယ်
အိုး........
အိုး.......
အိုး........
တို့များအသည်းနှလုံးထဲက
အခွင့်အရေးပေးထားလို့
အရည်ပျော်မတတ်
နှစ်ယောက်စလုံး ချစ်လဲကွယ်
ဦးနှောက်ရဲ့ အသိက
ကြင်နာခွင့် မပေးတော့ကွယ်
ဝေးသွားမှ ကောင်းမယ်
ထင်ပါတယ်
မေ့ဖို့ဆိုရင်
လွယ်တော့မလွယ်ဘူး
ကြိုးစားဖြေသိမ့်ရမှာပဲ
အမြင့်ဆုံးမှာ ထားချင်တယ်
အမြင့်ဆုံးမှာ ထားချင်တယ်
ရင်ထဲက မင်းအတွက်
မိုးထိမြင့်အောင်
ကိုယ့်ဆန္ဒတွေပဲ
အမြင့်ဆုံးမှာ ထားချင်တယ်
အမြင့်ဆုံးမှာ ထားချင်တယ်
အခုများတော့ မလှမ်းဝံနိုင်လို့
လူတန်းစေ့ မထားခဲ့နိုင်လို့
အချစ်ရယ် မင်းကို
အရှုံးပေးလိုက်တယ်
အမြင့်ဆုံးမှာ ထားချင်တယ်
အမြင့်ဆုံးမှာ ထားချင်တယ်
အမြင့်ဆုံးမှာ ထားချင်တယ်
အမြင့်ဆုံးမှာ ထားချင်တယ်
ကျေးဇူးတင်ပါသည်။