menu-iconlogo
huatong
huatong
歌詞
レコーディング
တောင်းဆု

တေးရေး ဂျက်မြသောင်း

တေးဆို ဝိုင်းစုခိုင်သိန်း

ဒီဘ၀မှာ မင်းနဲ့အတူတူ

မပေါင်းရပေမဲ့လည်း..

နောင်ဘ၀ဆိုတာ ရှိခဲ့ရင်

တောင်းဆုပြုနေမယ်..

အတူတူယှဉ်ကာ ပေါင်းကြရစေသား...

ဒီဘ၀ဒီမျှလောက်သာ

ချစ်ခွင့်ပါလာသလား..

အရင်ဘ၀ကရှေးကုသိုလ်

နည်းခဲ့တာကြောင့်လား...

ဒီချိန်ခါမှာ လမ်းခွဲကြတာပဲ...

စည်းတစ်ဖက်မှာ ကျန်ရစ်မယ်...

ခရီးဆက်ပါ အချစ်ဦးရယ်

ပျော်ပါစေ...

ကျမျက်ရည်ဝေဖို့အတွက်

ဘ၀တစ်ကွေ့မှာ

ဆုံတွေ့ခဲ့ကြတာပဲ..

အခြေအနေတွေဟာလွမ်းဖို့ဖြစ်လာတယ် ..

အချစ်ဦးရယ် အခုတော့

အသစ်တစ်ဦးနဲ့ ပျော်ပီပေါ့..

အရင်ဆုံးအချစ်ဦးတို့ကို

မေ့လောက်နေပြီလား

ပျော်ရွှင်နိုင်အောင် တောင်းဆုပြုနေမယ်...

စည်းတစ်ဖက်မှာ ကျန်ရစ်မယ်...

ခရီးဆက်ပါ အချစ်ဦးရယ်

ပျော်ပါစေ...

ကျမျက်ရည်ဝေဖို့အတွက်

ဘ၀တစ်ကွေ့မှာ

ဆုံတွေ့ခဲ့ကြတာပဲ..

အခြေအနေတွေဟာလွမ်းဖို့ဖြစ်လာတယ် ..

ရင်ထဲမှာ အသည်းနင့်အောင်

ချစ်ခဲ့ ပေ မဲ့ လည်း

ဆုံစည်းရာလမ်းဝမှာ

စည်းတားနေချင်တယ်...

ကံကြမ္မာဟာတို့ဘက်မရပ်တည်ခဲ့..

ဒီဘ၀မှာ မင်းနဲ့အတူတူ

မပေါင်းရပေမဲ့လည်း..

နောင်ဘ၀ဆိုတာ ရှိခဲ့ရင်

တောင်းဆုပြုနေမယ်..

အတူတူယှဉ်ကာ ပေါင်းကြရစေသား...

စည်းတစ်ဖက်မှာ ကျန်ရစ်မယ်...

ခရီးဆက်ပါ အချစ်ဦးရယ်

ပျော်ပါစေ...

ကျမျက်ရည်ဝေဖို့အတွက်

ဘ၀တစ်ကွေ့မှာ

ဆုံတွေ့ခဲ့ကြတာပဲ..

အခြေအနေတွေဟာလွမ်းဖို့ဖြစ်လာတယ် ..

️ချစ်တဲ့သူတိုင်းအတူပေါင်းဖက်နိုင်ပါစေ ️

ဝိုင်းစုခိုင်သိန်းの他の作品

総て見るlogo