ပစ်မထားနဲ့....မရယ်
ဟဲလေး
ပစ်မထားနဲ့ မမရယ်.....
မောင်လေမနေတက်တော့ဘူး
မ မကြိုက်တဲ့အပြစ်တွေ အကုန်လုံး
ဆင်ခြင်ပြီးသွားပြီပဲ....
ပစ်မထားနဲ့ မမရယ်
မောင်လေ ဒီ စိတ်နဲ့ရူး.....
ဆိုးခဲ့မိုက်ခဲ့ပေမဲ့လဲ
မ ကို အလေးနက်ဆုံးချစ်တယ်...
လေပြေညှင်းလေးများက
ကိုယ့်ကို နမ်းရှိုက်လိုက်တော့
ဟိုရင် မ ရဲ့ အနမ်းတွေ
ကိုယ်သိပ်လွမ်းတယ်.....
နေခြည်နွေးနွေးလေးက
ကိုယ့်ကို ထွေးပွေ့လိုက်တော့
အတူဆုံကြတဲ့အတွေးတွေ
ပြန်လည်မိတယ်...
ဒီချိန်မှာ မ ရယ်....
ဘယ်လိုနေရမယ်
ခံနိုင်ရည်မရှိတဲ့.....ကိုယ့်ကို
ပစ်မထားနဲ့ မမရယ်.....
မောင်လေမနေတက်တော့ဘူး
မ မကြိုက်တဲ့အပြစ်တွေ အကုန်လုံး
ဆင်ခြင်ပြီးသွားပြီပဲ....
ပစ်မထားနဲ့ မမရယ်
မောင်လေ ဒီ စိတ်နဲ့ရူး.....
ဆိုးခဲ့မိုက်ခဲ့ပေမဲ့လဲ
မ ကို အလေးနက်ဆုံးချစ်တယ်...
ကာရံမနီးတဲ့ မ နဲ့
ကိုယ်တို့နှစ်ဦးသားကြားက
မာနလေးများရှိရင်
ကျေဖျက်ပေးပါ......
နောင်တများနဲ့ဘဝပေါ့...
ကိုယ့်ရင်မှာ ချစ်မိခဲ့တော့
ရှင်နေလျက်နဲ့အချစ်တွေ
လေလွင့်သွားတယ်...
ဘယ်ချိန်မဆို မ ရယ်....
ရင်ခုံသံအားငယ်
ခံနိုင်ရည်မရှိတဲ့ ကိုယ့်ကို
ပစ်မထားနဲ့ မမရယ်.....
မောင်လေမနေတက်တော့ဘူး
မ မကြိုက်တဲ့အပြစ်တွေ အကုန်လုံး
ဆင်ခြင်ပြီးသွားပြီပဲ....
ပစ်မထားနဲ့ မမရယ်
မောင်လေ ဒီ စိတ်နဲ့ရူး.....
ဆိုးခဲ့မိုက်ခဲ့ပေမဲ့လဲ
မ ကို အလေးနက်ဆုံးချစ်တယ်...
ပစ်မထားနဲ့ မမရယ်.....
မောင်လေမနေတက်တော့ဘူး
မ မကြိုက်တဲ့အပြစ်တွေ အကုန်လုံး
ဆင်ခြင်ပြီးသွားပြီပဲ....
ပစ်မထားနဲ့ မမရယ်
မောင်လေ ဒီ စိတ်နဲ့ရူး.....
ဆိုးခဲ့မိုက်ခဲ့ပေမဲ့လဲ
မ ကို အလေးနက်ဆုံးချစ်တယ်...
ကိုယ့်ဘဝအတွက် မ တစ်ယောက်ထဲသာ
အမြဲတမ်းအတွက် ရှိနေပေးပါ
အား ဟာ....
ကိုယ့်ဘဝအတွက် မ တစ်ယောက်ထဲသာ
အမြဲတမ်းအတွက် ရှိနေပေးပါ